မလေးရှားဆီးဂိမ်းပြိုင်ပွဲရဲ့ Hot အဖြစ်ဆုံးအားကစားသမား

မလေးရှားဆီးဂိမ်းပြိုင်ပွဲမှာ အာဆီယံနိုင်ငံတွေရဲ့

တော်ဝင်မိသားစုတွေကနေဝင်ပြိုင်တဲ့အားကစားသမားတွေ

များတယ်လို့ပြောလို့ရပါတယ်။ထိုင်းတော်ဝင်မင်းသမီး

သီရိဗန်နာဗရီ၊ဘရူနိုင်းတော်ဝင်မင်းသမီးအဇေမယ်၊ဘရူနိုင်း

တော်ဝင်မင်းသားတွေဖြစ်တဲ့မက်တီးဘော်ကီးယား၊

ဂျက်ဖရီဘော်ကီးယားစသဖြင့်ပါဝင်ယှဉ်ပြိုင်နေကြပါတယ်။

ဒါ့အပြင်VIPပုဂ္ဂိုလ်လို့ပြောရမယ့်မလေးရှား

လူငယ်နဲ့အားကစားဝန်ကြီး

ခါဟာရီဂျမူလာဒင်ပါဝင်ယှဉ်ပြိုင်မှာပါ။

ဖက်ရှင်ဒီဇိုင်နာတစ်ယောက်ဖြစ်တဲ့ထိုင်းတော်ဝင်မင်းသမီး

သီရိဗန်နာဗရီဟာပြိုင်ပွဲဝင်တွေထဲမှာအကျော်ကြားဆုံး

အားကစားသမားဖြစ်ပေမယ့်မိန်းကလေးပရိသတ်တွေအကြား

Hotအဖြစ်ဆုံးနဲ့ရေပန်းအစားဆုံးအားကစားသမား

တစ်ယောက်ရှိပါတယ်။သူကတော့ပိုလိုအားကစား

နည်းမှာဝင်ရောက်ယှဉ်ပြိုင်မယ့်ဘရူနိုင်းစော်ဘွားကြီး

ဟာဆန်နယ်ဘော်ကီးယားရဲ့သားတော် မက်တီးဘော်ကီးယားဖြစ်ပါတယ်။

Instagramစတားမင်းသားဟာ ဘရူနိုင်းနိုင်ငံရဲ့ဆဌမအဆင့်ရှိအာဏာအရှိဆုံးလူဖြစ်ပြီး

ဘရူနိုင်းနိုင်ငံတစ်နိုင်လုံးရဲ့အားကစားဆိုင်ရာပြယုဂ်

ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။

မင်းသားဟာအမတော်အဇေမယ်နဲ့အတူပိုလိုအား

ကစားနည်းမှာဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး

မလေးရှားပိုလိုအသင်းနဲ့ သြဂုတ်လ22ရက်နေ့မှာ

စတင်ယှဉ်ပြိုင်ရမှာပါ။မလေးရှားပိုလိုအသင်းမှာတော့

မလေးရှားအားစားဝန်ကြီးခါဟာရီပါဝင်ကစား

သွားမှာပါ။မင်းသားဟာပိုလိုအားကစားနည်းသာမက

Scuba Diving၊ဘောလုံးအားကစားနည်း

တွေကိုလည်းနှစ်သက်မြတ်နိုးသူတစ်ယောက်ဖြစ်ပါတယ်။

လောလောဆယ်မှာတော့လန်ဒန်မှာ နိုင်ငံရေးဆိုင်ရာမာစတာတန်းတက်ရောက်နေပြီး

ချောမောခန့်ညားတဲ့ရုပ်ရည်ကြောင့်လူမှုကွန်ယက်တွေမှာ

ကျော်ကြားသူုတစ်ယောက်ဖြစ်ပါတယ်။မလေးရှားကမိန်းကလေးပရိသတ်တွေအနေနဲ့

မင်းသားကစားမယ့်ပိုလိုပွဲကိုကြည့်ဖို့

မစောင့်နိုင်အောင်ဖြစ်နေကြပြီး

လက်မှတ်တွေရောင်းမလောက်ဖြစ်နေပါတယ်တဲ့။

Agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။