ဆီမီးမှာဗီယက်နမ်နဲ့အင်ဒိုကိုရှောင်ချင်တဲ့မစ္စတာဂတ်


မြန်မာအသင်းနည်းပြကြီးမစ္စတာဂတ်က

ဆီမီးဖိုင်နယ်မှာတစ်ဖက်အုပ်စုကဗီယက်နမ်နဲ့အင်ဒိုကို

ရှောင်ချင်တယ်လိုပြီးခဲ့တဲ့တဲ့သတင်းစာ

ရှင်းလင်းပွဲမှာပြောပြပါတယ်။မလေးနည်းပြအွန်ကင်ဆွီး

ကတော့မစ္စတာဂတ်နဲ့ပြောင်းပြန်ဆီမီးမှာဗီယက်နမ်နဲ့တွေ့ချင်တယ်လို့ဆိုပါတယ်။မြန်မာအသင်းဟာဆီမီးဖိုင်နယ်ကို

အစောဆုံးတက်ရောက်ထားပြီးမနက်ဖြန်မှာ

ရှာအလမ်ကွင်းကြီးထဲမှာ အိမ်ရှင်မလေးရှားနဲ့အုပ်စုဗိုလ်နေရာ

လုပွဲကစားရမှာပါ။



အုပ်စု(က)ကအသင်းတွေအနေနဲ့ပွဲစဉ်တွေကပြီးသလောက်

ဖြစ်နေပေမယ့်အုပ်စု(ခ)အသင်းတွေကတော့ပွဲတွေကျန်ပါသေးတယ်။အုပ်စု (ခ)မှာဗီယက်နမ်ခြေစွမ်းပြနေတယ်ဆိုပေမယ့်

အုပ်စုတက်ဖို့မသေချာသေးဘဲထိုင်း၊အင်ဒိုနီးရှားတို့နဲ့

ကစားရဦးမှာပါ။လောလောဆယ်အနေအထားအရ

ဗီယက်နမ်နဲ့အင်ဒိုအခြေအနေကောင်းနေပေမယ့်

ဖိလစ်ပိုင်နဲ့ထိုင်းကိုလည့်မေ့ထားလို့မရပါဘူး။

ကမ္ဘောဒီးယားကတော့အုပ်စုတက်ရေးမျှော်လင့်ချက်

ကုန်ဆုံးသွားခဲ့ပါပြီ။



မစ္စတာဂတ်ဟာဗီယက်နမ်နဲ့အင်ဒိုကို

ဘာလို့မတွေ့ချင်ရလဲဆိုတာက

နှစ်သင်းစလုံးအကောင်းဆုံးပုံစံကိုရနေကြလို့ဖြစ်ပါတယ်။

ဗီယက်နမ်မှာငုယင်ကောင်ဖောင်၊လောင်ရှန်ထရောင်းတို့

ခြေစွမ်းပြနေကြသလိုအင်ဒိုမှာလည်းအီဗန်ဒီးမက်၊အီဇာဝီလီယံတို့ခြေစွမ်းပြနေကြပါတယ်။တစ်ဖက်အသင်း

တွေဘယ်သူတွေတက်လာမလဲယတိပြတ်ပြောလို့မရသေးပေမယ့်ဒီဖက်အုပ်စုကမလေးနဲ့မြန်မာကတော့ဘယ်သူ

အုပ်စုဗိုလ်ဖြစ်မလဲဆိုတာမနက်ဖြန်သိရပါပြီ။

Agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။