မိဘမေတ္တာကို ကျေးဇူးတရားကို ရှေးက စာဆိုပညာရှိတွေတောင် စာဖွဲ့မမှီနိုင်ကြပါဘူး။

လောကမှာ အချိန်လွန်မှ ပြန်မရတာ အချိန်နဲ့ မိဘ ပဲရှိပါတယ်။ မိဘကျေးဇူးသိတတ်တဲ့ သားသမီးဟာ ဘယ်တော့မှဒုက္ခ မရောက်နိုင်ပဲ လက်ရှိဘဝမှာရော နောင်သံရာဘဝများမှာပါ ကောင်းသောအကျိုးကို ခံစားရသလို မိဘအား ပြစ်မှားစော်ကားမိလျှင် လက်ရှိပစ္စုပ္ပန်ဘဝတွင်သာမက နောင်သံသရာဘဝများထိ အပြစ်ရတတ်ပါတယ်။ မိဘစော်ကားပြစ်မှားမိ၍ ဆိုးကျိုးများကိုခံစားရသော ဘုရင် အဇာသသတ်အပါအဝင် ရှေးက သာဓက များစွာရှိပါတယ်။

အခုလက်ရှိဘဝမှာ ပြစ်မှားမိလျှင် ..

၁. ကြမ်းကြုတ်သော ဝေဒနာ ခံစားရခြင်း။

၂. ကိုယ်ခန္ဓာပျက်စီးခြင်း။

၃. အနာရောဂါထူခြင်း။

၄. ရူးသွပ်ခြင်း။

၅. မင်းပြစ်မင်းဒဏ်သင့်ခြင်း။

၆. အကြီးအကျယ်စွပ်စွဲခံရခြင်း။

၇. မိဘ၊ သားသမီး၊ ဇနီး မယားများ၊ ဆွေမျိုးများ ပျက်ဆီးခြင်း။

၈. စည်းစိမ်ချမ်းသာပျက်စိးခြင်း။

၉. နေအိမ်စသည့် မီးလောင်ခြင်း။

၁၀. ငရဲကျခြင်း၊ တို့ ခံစားရတတ်ပါတယ်။

သားသမီးတစ်ယောက်ဘဝမှာ မိဘဆိုတဲ့ အရိပ်ပေးတဲ့သစ်ပင်ကို မြေသြဇာမကျွေးနိုင်ရင်နေပါ တဖြည်းဖြည်းနဲ့ နွယ်ပတ်ပြီးအပင်သေစေနိုင်တဲ့ ကျီးပေါင်းပင်ဘဝမျိုး မဖြစ်အောင်တော့ နေသင့်ပါတယ်။ မိဘကို နှုတ်နှင့်ဖြစ်စေ၊ အကြောင်းအမျိုးမျိုးကြောင့် ပြစ်မှားမိပါက

ဝန်ချတောင်းပန်ကန်တော့သင့်ပါသည်။

သတင်းအရင်းမြစ် ဓမၼရတနာ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။