ခေတ်မှီဖွံ့ဖြိုးတိုးတတ်လာတဲ့ခေတ်ကြီးမှာ နည်းပညာနဲ့ဆိုင်တဲ့ပစ္စည်းတွေဟာ တစ်နေတခြားတိုးတတ်ပြာများလာရာတွင် Computer ဟာအလွန်အရေးကြီးသော ကဏ္ဍတွင်ထိပ်ဆုံးကပါ၀င် စမြဲပါ။ယခုခေတ်မှာလူသုံးများတဲ့ စမတ်ဖုန်းတွေဟာလည်း Computer နဲ့အဆင့်မြင့်တင်ခဲ့တာပါ။Computer ဟာအလုပ်ထဲမှာပဲဖြစ်ဖြစ်၊အပြင်မှာပဲဖြစ်ဖြစ် ၊အင်တာနက်ဆိုင်မှာပဲဖြစ်ဖြစ် အနည်းနဲ့အများတော့ထိတွေကျရပါတယ်။ထိုသို့အသုံးပြုရာတွင် အချိန်ကြာညောင်းမှုမရှိစေပဲ လွယ်လင့်တကူ အသုံးပြုနိုင်အောင် တင်ပြပေးလိုက်ပါတယ်။

-မိမိဒေါင်းလော့ဆွဲထားတဲ့ဖိုင် ဘယ်ရောက်နေမှန်းမသိဘူးဆိုရင် Ctrl နဲ့ J Key ကိုတပြိုင်နက်ထဲပေါင်းနှိပ်လိုက်ပါက Tab တစ်ခုပေါ်လာမှာဖြစ်ပြီး မိမိဒေါင်းလောလုပ်ထားတဲ့ဖိုင်တွေအကုန်လုံးထို Tab ထဲမှာမြင်တွေရမှာဖြစ်ပါတယ်။

-Internet website များကိုမှတ်ထားချင်သူတွေအတွက် website ၏ pages များကို၀င်ချင်တယ်ဆိုရင် လိပ်စာအပြည်ရိုက်စရာမလိုဘဲ မိမိက save လုပ်ပြီးမှတ်ထားတဲ့ bookmark file များကို ဖြတ်လမ်းနည်းနဲ့ဝင်ချင်တယ်ဆိုရင်တော့ site ရဲ့ ညာဘက်ထောင့်မှာရှိတဲ့ကြယ်ပုံသင်္ကေတကို နှိပ်ရမှာ ဖြစ်ပြီး ပြီးလျှင် Ctrl နဲ့ D key များကို တစ်ပြိုင်နက် တစ်ပြိုင်နက်ထဲနှိပ်ရပါမယ်။ညာဘက်ထောင့်တွင် ကြယ်ပုံစံ box တစ်ခုကျလာပါလိမ့်မယ်။ထိုနောက် Done ဆိုတဲ့စာကိုနှိပ်ပြီး name ဘောက်မှာ ကြိုက်နှစ်သက်ရာ သက်ဆိုင်တဲ့နာမယ်ပေးနိုင်ပါတယ်။ ဒါအပြင် ထိုသို့မှတ်ထားတဲ့ file တွေကို အကုန်လုံးတပြိုင်တည်း တန်းပေါ်ချင်တယ်ဆိုင်ရင် Ctrl/shit/ B ကိုတစ်ပြိုင်တည်းတွဲနှိပ်ရပါမယ်

-မိမိဖွင်ပြီးအသုံးပြုခဲ့တဲ့ file (သို့) website pages များကို ပိတ်ပစ်ချင်တယ်ဆိုရင်တော့ အများအားဖြင့် closes button ကြက်ခြေခတ်လေးကို သွားနှိပ်တတ်ကျပါတယ်။အဲလိုနှိပ်ခြင်းဟာ computer က Cusor ကိုလေးစေနိုင်တဲ့အတွက် keyboard က Ctrl နဲ့ W key ကိုပူးတွဲနှိပ်ပြီး ပိတ်ပါကပို၍အဆင်ပြေနိုင်ပါတယ်

- နောက်တစ်ခုကတော့ website က pages တွေ server တွေဖွင့်တဲ့့အခါ pages များသွားပါက ပွင့်သွားပါက ပွင့်ရန်အချိန်ကြာတတ်ပါတယ်။ဖွင့်ချင်တဲ့ pages တွေမြန်ဆန်စွာတတ်လာချင်တယ်ဆိုရင်တော့ Browser ရဲ့ညာဘက်ထောင့်မှာရှိတဲ့ မျဉ်းလိုင်းသုံးလိုင်းပါရှိတဲ့ခလုပ်ကိုနှိပ်ပြီး New Window ကိုနှိပ်ပြီးဖွင်ရပါမယ်။Broswser တစ်ခုပေါ်မှာ အများကြီးဖွင့်မယ်ဆိုရင် Browser လေးခြင်း ပျောက်သွားခြင်းတွေ ဖြစ်တတ်ပါတယ်။

သတင်းအရင်းမြစ် city news journal

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။