ယခုဆိုရင် သြဂုတ်လအတွက် နာမည်တန်ဖိုးအမြင့်ဆုံး ကေပေါ့ပ် အမျိုးသမီးစရင်းကိုတော့ သိရပါပီ။စာရင်းအရ နာမည်တန်ဖိုးအမြင့်ဆုံးထိပ်ဆုံးသုံးဦးကတော့ Red Velvet ကIrene,Girl's GenerationကYoonAနဲ့Weki Meki ကChoi Yoo Jungတို့ပဲဖြစ်ပါတယ်။ဒီစာရင်းကို ဂျူလိုင်လ ၁၇ ရက်နေ့ကနေ သြဂုတ်လ ၁၇ ရက်နေ့အတွင်း အမျိုးသမီးဂီတအဖွဲ့ဝင် (၁၇၁)ဦးရဲ့လှုပ်ရှားမှုအချက်အလက်တွေကနေ ကောက်ခံသုတေသနပြုထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဒီလအတွက်နံပါတ် ၁ နေရာကို စိုးမိုးထားတဲ့ Red Velet က Irene ဟာ အမှတ်စုစုပေါင်း ၁,၉၅၀,၄၁၁မှတ် ရရှိခဲ့ပါတယ်။နံပါတ် ၂ နေရာကGirl's Generation ကYoonAကတော့အမှတ် ၁,၉၂၃,၉၇၉ မှတ်ရရှိခဲ့ပြီး နံပါတ် ၃ နေရာရရှိခဲ့တဲ့ Weki Meki ကChoi Yoo Jung ကအမှတ်ပေါင်း ၁,၈၈၆,၂၉၉မှတ်ရရှိခဲ့တာပါ။

ထိပ်ဆုံးသုံးယောက်ရဲ့နောက်ကလိုက်တဲ့ သူတွေကို အစဉ်အတိုင်းဖော်ပြရရင်တော့ Girl's Generation's Tiffany,G-Friend's Sin B,Weki Meki's Kim Do Yeon,G-Frend's Yerin,LABOUM's Solbin,Girl's Generation's Sooyoung ,Red Velvet's Joyတို့ဖြစ်ပါတယ်။

သတင်းအရင်းမြစ် myanmar times daily

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။