စာရေးသားခြင်းကို ၀ါသနာပါသူများအတွက် အလွန်ပင် အသုံးဝင်တဲ့ နည်းလမ်းကောင်းများလို့ ဆိုရင် မမှားပါဘူး။ စာရေးသားခြင်းကို ၀ါသနာမပါသည့်တိုင် ဗဟုသုတအနေဖြင့် သိထားသင့်ပါတယ်။ စာရေးခြင်းကို ၀ါသနာအရဖြစ်စေ၊ အသက်မွေးဝမ်းကြောင့်ဖြစ်စေ .. စာရေးတော့မယ်ဆိုရင် အောက်ဖော်ပြပါ အခြေခံကျင့်ဝတ်များကို လိုက်နာ ကျင့်သုံးသင့်ပါတယ်။

(၁) ကလောင်အမည်ကို လေးနက်ခန့်ညားစွာ မှည့်ရခြင်း/ ပေးရခြင်း။

(၂) ကိုယ်ပိုင်စွမ်းရည်နှင့် ရိုးသားမြင့်မြတ်စွာ ကျင့်ကြံရခြင်း။

(၃) ဇွဲလုံ့လ ၀ိရိယတို့နှင့် အခြေချအားပြု၍ ကြိုးပမ်းရခြင်း။

(၄) စာမူကို စက္ကူဖြူပေါ်တွင် နက်ပြာရောင်မင်နှင့် ရေးသားရခြင်း။

(၅) စာမူကို မင်နှင့် သေသပ်စွာ ရေးသားရခြင်း။

(၆) စာမျက်နှာတစ်ဖက်တည်းသာ ရေးသားရခြင်း။

(၇) စာမူရေးမည့်စာရွက်သည် မကြီးလွန်း မငယ်လွန်းရခြင်း။

(၈) အက္ခရာစာလုံးများကို ရှင်းလင်းပီသစွာ ရေးရခြင်း။

(၉) စာရွက်၏ လက်ဝဲဘက်တွင် နှစ်လက်မခန့် ချပ်လှပ်၍ ရေးရခြင်း။

(၁၀) စာပိုဒ်စရေးလျှင် လက်ယာဘက်သို့ တစ်လက်မခန့်တိုး၍ ရေးရခြင်း။

(၁၁) စာတစ်ကြောင်းနှင့်တစ်ကြောင်း လေးပုံတစ်ပုံ လက်မခန့်ခြား၍ ရေးသားရခြင်း။

(၁၂) စာမူများကို သုံးကြိမ်ခန့် ပြင်ဆင််ရေးသားရခြင်း။

(၁၃) စာမူများကို မိမိကိုယ်တိုင်် စိတ်ကျေနပ်သည်အထိ ပြင်ဆင်စိစစ်ပြီးမှ ပေးပို့ရခြင်း။

(၁၄) ဖျက်လိုသော စာလုံး၊ စာကြောင်းနှင့် စာပိုဒ်တို့ကို ရှင်းလင်းသေချာစွာ ပယ်ဖျက်ရခြင်း။

(၁၅) စာမူ၏ ခေါင်းစဉ်သည် အနက်အဓိပ္ပါယ်မိ၍ အသက်ဝင်လှုပ်ရှားရခြင်း။

(၁၆) စာမူကို သန့်ရှင်းစင်ကြယ်စွာ ပြုစုအမွှမ်းတင်ရခြင်း။

(၁၇) စာသားများနှင့် ဇတ်ကောင်တို့၏ စကားပြောများကို ခွဲခြားဖော်ပြရခြင်း။

(၁၈) တိုးတက်အောင်မြင်လိုသောစိတ်ဖြင့် တိကျပြတ်သားစွာ ဆုံးဖြတ်ရခြင်း။

ဒီအခြေခံအချက်များကို သိထားပြီး စာရေးခြင်း၊ စာဖတ်ခြင်းများကို အတွေ့အကြုံ ဗဟုသုတရှိရှိ ရေးနိုင်ဖတ်နိုင်ကြစေရန် ရည်ရွယ်၍ ဖော်ပြပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။