သရုပ်ဆောင် မင်းသမီးချောလေး သွန်းဆက်ဟာ သူမချစ်ရတဲ့ မိခင်ဖြစ်သူရဲ ့မွေးနေ ့အတွက် surprise မွေးနေ ့ပွဲလေးတစ်ခုကို မောင်လေးနဲ ့အတူတိုင်ပင်ပြီးစီစဉ်ပေးဖြစ်ခဲ့ပါတယ်။ 

မိခင်မသိအောင် အခုလိုစီစဉ်ဖြစ်ခဲ့တဲ့အကြောင်းကို သွန်းဆက်က

"ဒီနေ့အမေ့မွေးနေ့လေးကို အိမ်မှာပဲ surprise လေး အမေမသိအောင်မောင်လေးနဲ့ 

စီစဉ်ဖြစ်တယ်။ အမေနဲ့အဖေစိတ်ချမ်းသာပြီးပျော်နေတာပဲအမြဲမြင်ချင်တယ်ကွယ်။

အမေ့ယနေ့ကျရောက်တဲ့မွေးနေ့မှစပီး နှစ်ပေါင်းမြောက်

မြားစွာတိုင်အသက်ရှည်ရှည် အနာဝေးဝေးနဲ့ဒီမိသားစုလေးနဲ့

အတူတကွနေနိုင်ပါစေနော်အမေ။

မွေးနေ့ကိတ်လှလှလေးစီစဉ်ပေးတဲ့ မမရူပါ ကိုလဲကျေးဇူးအများ

ကြီးတင်ပါတယ်ရှင်" လို ့ပြောခဲ့ပါတယ်။ ဒီမွေးနေ ့ပွဲလေးကိုတော့ သွန်းဆက်ဟာ 

ချစ်ရတဲ့ မိခင်၊ ဖခင်၊မောင်လေးတို ့နဲ ့အတူ ပျော်ရွှင်စွာကျင်းပဖြစ်ခဲ့တာကို တွေ ့ရပါတယ်။

သွန်းဆက်ဟာ အနုပညာလှုပ်ရှားမှုတွေကို ပုံမှန်လေးပြုလုပ်ဖြစ်နေပြီး လက်ရှိမှာတော့ ဘဝသရုပ်ဖေါ်ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ ပီဇာ ဇာတ်ကားမှာ ကလေး နှစ်ယောက်အမေ အနေနဲ ့ပါဝင်သရုပ်ဆောင်ထားပါတယ်။ 

ဒီဇာတ်ရုပ်ဟာ သူမတစ်ခါမှ သရုပ်ဆောင်ဖူးခြင်းမရှိသေးတဲ့

ဇာတ်ရုပ်ဖြစ်တာမို ့အကောင်းဆုံးဖြစ်အောင်ကြိုးစားသရုပ်ဆောင်ထားကြောင်းလည်းသိရပါတယ်။ 

သတင်းအရင်းမြစ် Thun Sett

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။