NLD အစိုးရတတ်လာပြီးမကြာမီ ကာလအတွင်းမှာပဲ မြန်မာနိုင်ငံမှာရှိတဲ့ မော်တော်ယဉ်လိုင်းများကို YBS အဖြစ်ပြောင်းလဲခဲ့ပါတယ်။ထိုသို့ပြောင်းလဲပြီးအကြာမီမှာပဲ ငွေပေးချေခြင်းစနစ်ကိုပြောင်လဲခဲ့ပါတယ်။ယခင်တွင် ယဉ်တစ်စီးတွင် ယဉ်မောင်းနှင့်ယဉ်နောက်ဟူ၍ နှစ်ယောက်ထားခဲ့ရာမှာ ယခုအချိန်မှာတော့ ယဉ်မောင်းတစ်ယောက်သာထားပြီး ငွေပေးချေခြင်းစနစ်ကိုလည်း ပုံးထဲထည့်သောစနစ်သို့ပြောင်းလဲခဲ့ပါတယ်။ပြောင်းလဲရာတွင် ပုံးစနစ်သည် ရေရှည်တွင် အများပြည်သူအဆင်မပြေမှုများ ရှိလာခဲ့ပါတယ်။အကြွေမရှိသောအခါ ငါးရာတန်၊တစ်ထောင်တန်ထည့်ရတဲ့ အဖြစ်ကိုရောက်လာကြပါတယ်။

ဤသို့အဆင်မပြေမှုများအား အဆင်ပြေစေရန်အတွက် ရန်ကုန်တိုင်းသယ်ယူပို့ဆောင်ရေးအာဏပိုင်အဖွဲ့မှ အများပြည်သူအဆင်ပြေစေရန် အကြွေလိုက်လဲပေးရန် ညွန်ကြားထားခဲ့ပါတယ်။ညွန်ကြားပြီးမကြာမှီအချိန်မှာပဲ YUPT ကုမ္ပဏီမှ ဘက်စ်ကားမှတ်တိုင်များတွင် လိုက်လံ၍ငွေအကြွေများလဲပေးလျှက်ရှိပါတယ်။မှတ်တိုင်တစ်တိုင် ၅ သောင်းကျပ်ဖြင့် လိုက်လံလဲပေးလျှက်ရှိနေပြီး တစ်နေ့ကို သိန်းပေါင်း(၉၀) ခန့်ဖြင့်လိုက်လ့လဲပေးလျှက်ရှိနေပါတယ်။လိုက်လဲပေးနေသောမှတ်တိုင်များမှ စူလေးရုပ်ရှင်ရုံရှေ့၊ဗဟန်း(၃)လမ်း၊ရွေဂုံတိုင်၊တာမွေ၊စံပြစျေး၊ဇဝန၊ကမ္ဘာအေး၊ဒဂုံမြို့သစ်တောင်ပိုင်း ကျည်စုမှတ်တိုင်မှာ တာမွေမှတ်တိုင်အတွင်း၊ဒဂုံမြို့သစ်မြောက်ပိုင်း ရ/၈ လမ်းဆုံမှမိုးကောင်းဘုရားမှတ်တိုင်းအတွင်း မှတ်တိုင်များဖြစ်ပြီး နောက်ပိုင်းတွင်လည်းတိုးချဲလဲလှယ်ပေးသွားမည်ဖြစ်သည်။

အချိန်ကတော့ မနက် ရ နာရီမှ ၉ နာရီအတွင်း၊ညနေပိုင်းတွင် ၄ နာရီမှ ၆နာရီအတွင်းလဲပေးလျှက်ရှိနေပါသည်။တစ်ရက်ကို ၀န်ထမ်း(၁၆၀)ဖြင့်လဲပေးနေပါတယ်လို့ YUPT ဒုဥက္ကဌကပြောပါတယ်။

အခုတော့ YUPT ကအများဆုံးလဲပေးနေတယ်။YBPC ကလဲမကြာခင်လဲပေးမယ်။ယဉ်လိုင်းတွေကို ငွေအကြွေလဲပေးဖို့ပြောထားတယ်။မလုပ်သေးတာ ကုမ္ပဏီကြီးတွေကတော့ လုပ်ဖို့ရှိပါတယ်လိုလဲ သယ်ယူပို့ဆောင်ရေးအာဏပိုင်အဖွဲမှ အတွင်းရေးမှုး ဒေါက်တာမောင်အောင်က ပြန်လည်ဖြေကြားထားပါတယ်။

စိုးရကတော့ YBS ဆီးနင်းသူများအတင်ပြေစေရန်အတွက် ၀န်ထမ်းများကိုလစာထုတ်ရန်မှာ အကြွေထည့်သွင်းပေးသွားမှာဖြစ်ပြီးငွေ ၁၈ ဘီလီယံခန့်သုံးပါမယ်လို့ ဗဟိုဘဏ်ကတာဝန်ရှိသူကပြောထားပါသေးတယ်။

သတင်းအရင်းမြစ် New Watch

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။