သန်း၁၇၀ ကျော် တန်ဖိုးရှိသော ကမ္ဘာအကြီးဆုံး​ကျောက်​စိမ်းတုံးကြီးအား နိုင်ငံတော်မှ ရသန်းခန့်(သိန်းခုနှစ်သောင်းကျော်) တန်ဖိုးဖြတ်ပြီး တွင်းဝခွန် သိန်း တစ်သောင်းလေးထောင်ကျော် (တစ်သန်းကျော်) ရရှိ...

​အောက်​တိုဘာ ၂၂ ရက်​မ​နေ့က မနက်​ဆယ်​နာရီ အချိန်​​လောက်​မှာ ကမ္ဘာအကြီးဆုံး​ကျောက်​စိမ်းတုံးကြီးဆီ ဒုတိယတ​ခေါက်​ အလည်​​ရောက်​ ဖြစ်​ခဲ့ရပြန်​ပါတယ်​။ အ​ကြောင်းက​တော့ ဖားကန့်​ဒေသကို သတ္တမအကြိမ် ​​ရောက်​ရှိလာတဲ့တချိန်​ကရိုက်​တာ သတင်းထောက်​တဖြစ်​လဲ ဂလိုဘယ်​​ဝစ်​နက်​စ်​အဖွဲ့​တွေကို ​ကျောက်​တုံးကြီးဆီ လိုက်​ပို့​ပေးရင်း ရောက်​သွားခဲ့တာဘဲဖြစ်​ပါတယ်​။

ဒီတ​ခေါက်​​တော့ ​ကျောက်​စိမ်းတုံးကြီးကို သွပ်​ပြား​တွေနဲ့ အခိုင်​အမာကာရံထားသလို ရဲလုံခြုံ​ရေး အ​စောင့်အ​ရှောက်​​တွေ ချထားတာကိုလဲ ​တွေ့ခဲ့ရပါတယ်​။ ပထမအကြိမ်​သွားကြည့်တုံးက ကျောက်​ကြီးထွက်​တဲ့ လုပ်​ကွက်​ထဲက အချိန်​ရှစ်​ဆယ်​​လောက်​ရှိတဲ့ ​ကျောက်​စိမ်းရိုင်းတလုံးကို ညီ​နောင်​​ရေမ​ဆေး​တွေ မယူသွားတာကိုလဲ​တွေ့ခဲ့မိပါရဲ့။

ဒီလုပ်​ကွက်​အနီး ​မြေစာပုံမှာ ​ကျောက်​ရှာဘို့ စောင့်ဆိုင်း​နေကြတဲ့ ညီ​နောင်​​ရေမ​ဆေး​တွေနဲ့​ တွေ့ဆုံခိုက်​ သူတို့ရဲ့အသံ​တွေကို နား​ထောင်​ခဲ့ရသလို အပြန်​အလှန် ဆွေး​နွေးဖြစ်​ခဲ့ပါတယ်​။ ယ​နေ့အချိန်​ထိ တရားဥပ​ဒေရဲ့ အကာအကွယ်​ကိ ရယူနိုင်​ခွင့် မရှိကြ​သေးတဲ့ ​ရေမ​ဆေး​တွေ အပါအဝင်​ဖြစ်​တဲ့ ကျောက်​စိမ်းလုပ်​ငန်း​​နဲ့ အသက်​​မွေးကြသူများကို တတိယအကြိမ်​ပြင်​မဲ့ ကျောက်​မျက်​ဥပ​ဒေထဲမှာ ထဲ့သွင်းပြဌာန်း​ရေးဆွဲဘို့ကိစ္စ​တွေလဲ ပါဝင်​ပါတယ်​။

​ရေမ​ဆေးများနဲ ့လုပ်​ငန်းရှင်​များကြား အပြန်​အလှန် ​နားလည်​မှုနဲ့​ ဒေသတွင်း​အကျိုးစီးပါွးကို​ ဖော်​​ဆောင်​ကြဖို့နဲ့ လုပ်​ငန်းရှင်​များဘက်​မှ လိုက်​​လျော​လုပ်​​ဆောင်​​ပေးမဲ့ အ​နေအထား တွေနဲ့ပတ်​သက်​ပြီး ​ကျောက်​မျက်​လုပ်​ငန်းရှင်​များအသင်း အတွင်းရေးမှူး ကိုဝမ်းက ရှင်းလင်းပြောပြပါတယ်​။ ဒီရာသီအတွင်းမှာ စတင်​အ​ကောင်​အထည်​ဖော်​မဲ့ ​ရေမ​ဆေးမှတ်​ပုံတင်​ကဒ်​ထုတ်​​ပေး​ရေးကိစ္စကိုလဲ တင်​ပြ​ဆွေး​နွေးခဲ့ကြပါတယ်​။

​ကျောက်​ကြီးကိစ္စ ဆက်​​ပြောရရင်​ ​ကျောက်​ကြီးကို တူး​ဖော်​စဉ်​က အ​ပေါ်ပိုင်းမှာ အနာအတိုင်း အပိုင်းလေးပိုင်း ပဲ့ထွက်​သွားခဲ့ပြီး အပဲ့​တွေရဲ့စုစု​ပေါင်း အ​လေးချိန်​က​တော့

တန်​​လေးဆယ်​​လောက် ​ရှိတယ်​လို့သိရပါတယ်​။ ဒီ​တော့ကျန်​တဲ့အတုံးမကြီးက​တော့ ပုံမှာ​ရေးထားတဲ့အတိုင်း ၁၇၄.၆ တန်​ရှိမှာဖြစ်​ပါတယ်​။ ဒီ​ကျောက်​ကြီးကို နို်​င်​ငံ​တော်​က ကျပ်​သိန်းပေါင်း ခုနှစ်​​သောင်း​ကျော်​ တန်​ဘိုးဖြတ်​ပြီး တွင်း​ဝခွန်​အဖြစ် ​ကျပ်​သိန်းပေါင်း တ​သောင်းလေး​ထောင်​​ကျော်​ကို ကုမ္ပဏီကို ​ပေးသွင်း​စေခဲ့တယ်​လို့ လုံးခင်း ကျောက်​မျက်​ညွှန်​မှူး ဦးတင့်ဆန်း​အောင်​ရဲ့​ပြောပြချက်​အရ သိရပါတယ်​။

​ကျောက်​စိမ်းတုံးကြီးက ကြီးမား​လေးလံတော့ ဒါကြီးကိုသယ်​​ဆောင်​ဘို့ ယာဉ်​မရှိသေးပါဘူး။ ဒီ​ဒေသမှာ အကြီးဆုံးဖြစ်​တဲ့ PC 2000 လိုတစီးလျှင်​ ဒေါ်လာနှစ်​သန်းခွဲ ​လောက်​တန်​တဲ့ ဘက်​ဟိုးနှစ်​စီးပြိုင်​ ဆွဲတာ​တောင် ​​ကျောက်​ကြီးက တုတ်​တုတ်​မလုပ်​​တော့ ပိုင်းဖြတ်​ပြီးမှ သယ်​​ဆောင်​ရမဲ့အ​ခြေအနေရှိ​နေပါတယ်​။ ဒါကလဲ သက်​ဆိုင်​ရာ တာဝန်​ရှိသူများက အ​ကောင်းဆုံးဖြစ်​​အောင် ​စီမံ​ဆောင်​ရွက်​ သွားကြမှာဖြစ်​ပါတယ်​။

အခုတ​လော fb ​ပေါ်မှာ ဒီ​ကျောက်​ကြီးကို ရေမ​ဆေးများက ​တွေ့ရှိပြီး ကုမ္ပဏီက သိမ်းယူသွားတာ ဖြစ်​တယ်​လို့ ​ရေး​နေကြတာကိုလည်း တွေရပါတယ်​။​ ကျောက်​ကြီး​တွေ့ရှိရာ အလွှာဟာ ​မြေ​အောက်​​ပေ၂၀၀ အနက်​​လောက်​မှာ​ ဒေသအ​ခေါ် ဖာကပ်​​ကြောမှာ ​တွေ့ရတာဖြစ်​ပါတယ်​။​ ကျောက်​

ကြီးတည်​ရှိရာ အ​နေအထားက သုံးဖက်​​ကျောက်​နံရံ ကာထားပြီး မျက်​နှာတဖက်​ထဲကဘဲ ဝင်​ထွက်​လို့ရတဲ့ အ​နေအထားပါ။

ဒီ​ကျောက်​စိမ်းတုံးကြီးနဲ ့ပတ်​သက်​တဲ့ပုံများကို မည်​သူ့ကိုမဆို အသုံးပြုခွင့်ပေးပါတယ်​။

ဦးတင့်စိုး

ပြည်​သူ့လွှတ်​​တော်​ကိုယ်​စားလှယ်​

ဖားကန့်မဲဆန္ဒနယ်​

ကချင်​ပြည်​နယ်

Credit - Shan Gyi 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။