မန္တလေးမြို့တွင် ယာယီနံပါတ်များဖြင့် မောင်းနှင်နေသည့် မော်တော်ယာဉ်များနှင့် ပြိုင်ကားပုံစံ ပြောင်းလဲပြုပြင်ထားသော မော်တော်ယာဉ်များအား သြဂုတ်လဆန်းက စတင်၍ မန္တလေးယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ၊ နယ်မြေတပ်စုများမှ သက်ဆိုင်ရာနယ်မြေအလိုက် အဖွဲ့များခွဲ၍ စစ်ဆေးကာ နေ့/ညဖမ်းဆီးအရေးယူနေပြီဖြစ်ကြောင်း သိရသည်။
ယာယီနံပါတ်ဆိုတာ အများပြည်သူသွားလာအသုံးပြုတဲ့ လမ်းများပေါ်မှာ မောင်းနှင်ခွင့်မရှိပါဘူး။ ခြွင်းချက်အနေနဲ့ ကားအရောင်းကုမ္ပဏီ၊ ဒါမှမဟုတ် မိမိတို့အိမ်ကနေ ကညနရုံးကို မှတ်ပုံတင်သွားဖို့အတွက် အနီးစပ်ဆုံးလမ်းကနေပဲ သွားလာခွင့်ရှိပါတယ်။ နောက် အချို့ကားတွေက ယာယီသက်တမ်းကုန်တာကြာနေပြီ။
ဒါက်ို မှတ်ပုံတင်ဖို့ မလုပ်ကြဘဲနဲ့ မောင်းနေကြတယ်။ အဲဒီတော့ သတ်မှတ်အချိန်အတွင်းမှာ မှတ်ပုံမတင်ရင် လိုင်စင်မဲ့ကား ဖြစ်သွားပါမယ်။ ပြိုင်ကားပုံစံ ပြုပြင်ပြောင်းလဲထားတဲ့ ကားတွေကိုလည်း အခုဖမ်းဆီးအရေးယူနေပါပြီ။ တချို့ဟာတွေက ပြုင်ကားအစစ်တွေ မဟုတ်ဘူး။ Mark II ရွှေငါးလိုကားတွေကို ပုံပြောင်း၊ ပါဝါအိပ်ဇောတပ်ပြီး မောင်းနေကြတယ်။
သတ်မှတ်စည်းကမ်းချက်တွေနဲ့ မညီရင်တော့ အရေးယူမှာပါ။ အခုဖမ်းထားတဲ့ ယာယီနံပါတ် သက်တမ်းကုန်နေတဲ့ယာဉ်တွေကို မော်တော်ယာဉ်ဥပဒေနှင့်အညီ တရားစွဲ အရေးယူသွားမယ်။ နောက် သက်ဆိုင်ရာဌာနမှာ မှတ်ပုံတင်ဖို့ ဆောင်ရွက်ခိုင်းမယ်။
အိတ်ဇောသံ ဆူညံတဲ့ ကား/ဆိုင်ကယ်များကိုလည်း မီးပွိုင့်ဖြတ်ချိန်အပြင် နေခင်းပိုင်းနဲ့ ညည့်နက်ပိုင်းအချိန်များမှာလည်း တွေ့ရှိပါက ဖမ်းဆီးအရေးယူနေပါပြီ။ နောက်လည်း ဆက်လက် ဖမ်းဆီးအရေးယူမှုတွေကို ဆက်လက်ဆောင်ရွက်သွားမှာပါ"ဟု နယ်မြေတပ်ဖွဲ့စုမှ အရာရှိတစ်ဦးက ့ ပြောကြားသည်။
Credit - မန္တလေးသတင်း
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။