ကျန်းမာရေးဟာ မင်္ဂလာတစ်ပါးပါ။ ဆုလာဒ်တစ်ခုဆိုရင်လည်း မမှားပါဘူး။ ငွေရှိပြီး ကျန်းမာရေးချို့တဲ့သူူတစ်ယောက်နှင့် ကျန်းမာပြီး ငွေချို့တဲ့သူ.. သင်ဘယ်လိုလူဖြစ်ချင်ပါသလဲ ?? ငွေရှိပြီး ကျန်းမာရေးကောင်းသူတစ်ယောက်ရော မဖြစ်ချင်ဘူးလား..?? ကျန်းမာရေးကောင်းသူတစ်ယောက်ဖြစ်ဖို့ ခန္ဓာကိုယ်အတွင်းရှိအစိတ်အပိုင်းများရဲ့လုပ်ဆောင်ချက်အချိန်များကို သိထားသင့်ပါတယ်။

နံနက်(၅)နာရီ မှ နံနက်(၇)နာရီ အူမကြီး အလုပ်လုပ်ချိန်ဖြစ်ပါတယ်။ ထိုအချိန်အတွင်း အိပ်ယာထ၍ ရေတစ်ခွက် အဝသောက်ပြီး ဝမ်းမှန်မှန်သွားသင့်ပါတယ်။ ထိုသို့မဟုတ်ပါက အူမကြီးညှစ်အားနည်းနေ၍ဖြစ်ပြီး အမျှင်ရှိသော အစားအစာများကို များများစားပေးပါ။

နံနက်(၇)နာရီ မှ နံနက်(၉)နာရီ အစာအိမ်အလုပ်လုပ်ချိန်ဖြစ်သောကြောင့် နံနက်စာ(Breakfast) အ၀ စားသင့်ပါတယ်။

နံနက်(၁၁)နာရီ မှ (၁)နာရီ နှလုံး(Heart) အလုပ်လုပ်ချိန်ဖြစ်သောကြောင့် ထမင်းစားပြီး ခဏတဖြုတ် အနားယူသင့်ပါတယ်။

နေ့လည်(၁)နာရီ မှ (၃)နာရီ အူသိမ်မှ အလုပ်လုပ်ချိန်ဖြစ်သောကြောင့် အလေးအပင်များ မ, ခြင်းမှ အထူးဆင်ခြင်သင့်ပါတယ်။

နေ့လည်(၃)နာရီ မှ ညနေ(၅)နာရီ ဆီးအိမ်မှ ခန္ဓာကိုယ်အတွင်း အဆိပ်အတောက်များကို စွန့်ပစ်ချိန်ဖြစ်သောကြောင့် အနည်းဆုံး(၁)လီတာမှစပြီး ရေများများသောက်ရန် လိုအပ်ပါတယ်။

ညနေ(၅)နာရီ မှ ည(၇)နာရီ ကျောက်ကပ်အလုပ်လုပ်ချိန်ဖြစ်ပါတယ်။ ထိုအချိန်အတွင်း ရေချိုးနေစဉ် ဆီးသွားခြင်းကို ရှောင်ပါ။ ကျောက်ကပ်ပျက်စီးလွယ်တတ်ပါတယ်။

ည(၇)နာရီ မှ (၉)နာရီ နှလုံးအမြှေးပါး အလုပ်လုပ်ချိန်ဖြစ်သောကြောင့် စိတ်အပန်းပြေစေသည့် Entertainment များ၊ ရယ်မောဖွယ် ဟာသများ၊ တို့ကို ကြည့်ရှုခံစားသင့်သည်။

ည(၉)နာရီ မှ (၁၁)နာရီ

ခန္ဓာကိုယ်၏ အပိုင်းကြီး(၃)ပိုင်း ( ဦးခေါင်း၊ ကိုယ်ပိုင်း၊ ခြေထောက်ပိုင်း ) များကို နှီးနှောဖလှယ်ချိန်ဖြစ်ပါတယ်။

ည(၁၁)နာရီ မှ နံနက်(၃)နာရီ အသည်း ( Liver )အလုပ်လုပ်ချိန် ဖြစ်သောကြောင့် (၁၁)နာရီထက် နောက်ကျပြီး မအိပ်သင့်ပါဘူး။ သင့်အသည်းကို အနားပေးရန် လိုအပ်ပါသည်။

(၁၁)နာရီမှ(၁)နာရီတွင် သည်းခြေမှ အလုပ်လုပ်သည်။ နံနက်(၃)နာရီ မှ (၅)နာရီထိ အဆုတ်မှ အလုပ်လုပ်ချိန်ဖြစ်သောကြောင့်(၁၁)နာရီအထိ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သင့်ပါတယ်။

သတင်းအရင်းမြစ် ကျန်းမာရေးအတွက်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။