နာမည်တူမရှားလူတူမရှားပါပဲ ။ ခုလည်း သြဂုတ်လ (၁) ရက်နေ့က ရန်ကုန်၊ Novotel Hotel မှာ ကျင်းပခဲ့တဲ့ "Miss Myanmar International" Grand Final ပွဲမှာ ခါးနံပါတ် (၂၀) ဖြင့်ပါ၀င် ယှဉ်ပြိုင်ခဲ့တဲ့ စစ်ယွန်းဝတီဦး မှ သရဖူဆုကို ဆွတ်ခူးခဲ့ပြီး ထိုအလှမယ်လေးကို ပရိတ်သတ်တွေက နာမည်ကျော် သရုပ်ဆောင်မင်းသမီး အိန္ဒြာကျော်ဇင်နဲ့ ဆင်တူတယ်လို့ ၀ိုင်းဝန်းပြောဆိုနေကြတာဖြစ်ပါတယ် ။

ဆုရတဲ့ စစ်ယွန်းဝတီဦး က 

" ကျွန်မဆုရမယ်လို့မထင်ထားပါဘူး မျှော်လဲမမျှော်လင့်ထားပါဘူး။ အဲဒီအချိန်မှာရုတ်တရတ်ရလာတယ် အဲဒီအတွက်အခုချိန်ထိတောင် ပြောရမယ်ဆိုရင်ကိုယ့်ကိုကိုယ် အိမ်မက်လားတကယ်လားပါပဲ။ ကျွန်မအနေနဲ့ခေါင်းပေါ်သရဖူရလာတဲ့အချိန်မှာပဲ ငါဒီသရဖူနဲ့ထိုက်တန်အောင် ဘာတွေကြိုးစားရမလဲ။ ငါဘာတွေဆက်လုပ်သွားမလဲဆိုတာ ခေါင်းထဲချက်ချင်းရောက်လာပါတယ်။ ငါဘာတွေတာဝန်ယူရမလဲ ဘာတွေလုပ်ရမလဲသိတော့မသိပေမယ့် စိတ်ထဲမှာအခုချိန်ကစပြီးစဉ်းစားနေပါပြီ။ ဆုကြေးကသိန်း(၁၀၀)ပါ။ လောလောဆယ်ဘာတွေလုပ်ဖို့ရှိလဲဆိုတော့ ကျွန်မဇာတိတောင်ကြီးကိုပြန်ဖို့ရှိပါတယ်။ တောင်ကြီးမှာရှိတဲ့ မိဘမဲ့ကလေးကျောင်းကို ကျွန်မကိုယ်တိုင်ဟင်းချက်ပြီးတော့ အလှူလုပ်သွားဖို့အစီစဉ်ရှိပါတယ်။

ကိုယ်ရသွားတဲ့အပါ်မှာတော့ ကိုယ့်ကိုကိုယ်ကြေနပ်မိပါတယ်။ ဝေဖန်ကြတဲ့သူတွေလဲ ကမန်မပြောချင်တာကတော့ ကျွန်မအများကြီးကြိုးစားထားပါတယ် အာ့ကြောင့်ညီမကိုအားပေးကြပါလို့ပြောချင်ပါတယ်။ ဝေဖန်တာတွေအပေါ်လဲ စိတ်ထဲသိပ်မထားတတ်ပါဘူး အကောင်းဆုံးဖြစ်သွားမယ်လို့ ကိုယ့်ကိုကိုယ်လဲယုံကြည်ပါတယ်။ ဝေဖန်တာတွေအပေါ်လဲတကူးတကကြီးကြည့်မနေပါဘူး။ အဲဒါကြောင့်ကျွန်မတော်ရုံတန်ရုံစိတ်မထိခိုက်တတ်ပါဘူး။ ဖိုင်နယ်ပြိုင်ပွဲမရောက်ခင် ကျွန်မ Cat Walk တောင်ကောင်းကောင်းမလျှောက်နိုင်ပါဘူး။ သူများတွေ၂နှစ် ၃နှစ်လောက်အတွေ့ကြုံရှိတဲ့ဟာကို ကျွန်မာတပတ်နဲ့ရအောင်ကြိုးစားခဲ့ပါတယ်။ ပြီးတော့ကိုယ်ကိုတိုင်လဲ မဖြစ်ဖြစ်အောင်လုပ်မယ် မရရအောင်လုပ်မယ်ဆိုတဲ့ စိတ်ဓာတ်လဲရှိခဲ့ပါတယ်။ ပြောရမယ်ဆိုရင်တကယ်ကိုကိုယ်ကြိုးစားခဲ့လို့ ရခဲ့တာပါ။ ဘော်ဒီဆိုလဲ ဒီတလမှာနည်းနညး်ပင်ပန်းတော့ နည်းနည်းပိန်သွားတယ်။ကြွက်သားတွေပြန်တက်အောင် ပြန် Train ပါ့မယ်။ (၁၄)ရက်နေ့ ဂျပန်နိုင်ငံတိုကျိုမြို့မှာ ၀င်ပြိုင်ရမှာပါ။ အများကြီးစိတ်လှုပ်ရှားတယ် ပထမဆုံးအတွေ့ကြံုမို့ပါ။ ကိုယ့်နိုင်ငံကိုကိုယ်စားပြုပြီးသွားပြိုင်ရမှာဖြစ်တဲ့အတွက် ကိုယ့်ကိုကိုယ်လဲ တာဝန်ကြီးတယ်လို့ခံစားရပါတယ်။ တာဝန်ကျေအောငfလဲ ကျွန်မကြိုးစားသွားမှာပါ။ " လို့ Myanmar Celebrities ရဲ့ အင်တာဗျူးတစ်ရပ်မှာဖြေကြားသွားပါတယ် ။

စစ်ယွန်းဝတီဦး ရရှိထားတဲ့ သရဖူကို Thumbula Jewelery မှ Jewelry Designer ကိုဘုန်းသော်ခမှ ရှေးခေတ် မြန်မာဘုရင်မ တို့ရဲ့ သရဖူတွေကို အချိန်ယူလေ့လာပြီး ခမ်းနားထည်ဝါစွာ ခေတ်မီဆန်းပြားလှပအောင် တီထွင်ဖန်တီးဒီဇိုင်းရေးဆွဲပြုလုပ်ပေးထားခြင်းဖြစ်တယ်လို့လဲ သိိရပါတယ် ။

တူမတူတော့ ကိုယ်တိုင်ပဲကြည့်ကြည့်လိုက်ပါတော့ ပရိတ်သတ်ကြီးရေ ...

သတင်းအရင်းမြစ် Myanmar celebrities

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။