တေးမြုံငှက်လို့ တင်စားကြတဲ့ အဆိုတော်ခိုင်ထူး တစ်ယောက် သြဂုတ်လအတွင်း ကြွေလွင့်ခဲ့တာနဲ့ပတ်သက်ပြီး လူမှုကွန်ရက်မှာသာမက သူ့ကိုချစ်ခင်အားပေးသူတွေအတွက်တော့ ၀မ်းနည်းစရာ ဆုံးရှုံးမှုတစ်ခုဖြစ်ခဲ့ပါတယ်။

သားဖြစ်သူနဲ့ (၁၈)နှစ်ကျော်ကြာ ခွဲနေရတဲ့ အဆိုတော်ခို်င်ထူး ဟာ ပန်ကရိယကင်ဆာနောက်ဆုံးအဆင့် နဲ့ ပါရမီအထူးကုဆေးရုံမှာ ကွယ်လွန်သွားခဲ့တာဖြစ်ပြီး သူ့ရဲ့ပထမအိမ်ထောင်နဲ့ ရရှိတဲ့ သားဖြစ်သူ ဆိုင်းလင်းထူး ကတော့ ဆွိဒင်နိုင်ငံမှာ အမေဖြစ်သူရယ်
 အဖိုးအဖွားတွေနဲ့အတူနေထိုင်နေတယ်လို့သိရပါတယ်။

တစ်ခေတ်တစ်ခါရဲ့ နာမည်ကြီးအဆိုတော်တစ်ယောက်ဖြစ်ပေမယ့် ဂီတသမားအစစ်အမှန်တစ်ယောက် လို့ ထင်ဟပ်စေတဲ့ သူနေထိုင်ခဲ့အိမ်လေးနဲ့ သူ့သီချင်းတွေကတော့ ပကာသနကင်းမဲ့နေဆဲပါပဲ။

ဆွိဒင်ကိုရောက်နေတဲ့ သားဖြစ်သူဟာ သူ့ဖခင်အတွက် မဆုံးခင်မှာ ရော အဆက်အသွယ်ရှိခဲ့ပြီး ဖခင်ဆုံးပြီးနောက်မှာလည်း ကုသိုလ်ကောင်းမှုတွေပြုလုပ်ပေးခဲ့တယ်လို့ အဆိုတော်မေခလာက တစ်ဆင့် ပြန်လည်ပြောပြထားပါတယ်။

"ကိုခိုင်ထူးရဲ့ သွေးသား လေး လိမ္မာ လိုက်တာ

သူ့ အဖေ ဆေးရုံ တက်စဉ် အဖေနဲ့ ဖုန်းစကား ပြောဖြစ်တယ် အဖေ့ အသံ အရင်လို မဟုတ်ဘူး လေသံ ပဲ ရှိ့တော့တယ် အဖေ့ အတွက် ဆေးဖိုး ကူ ညီချင်တယ်ဆို ပြီး သူ့ မုန့်ဖိုးလေး နဲ့ ကျန်တာ သူ့ အမေကို ကူ ညီ တောင်း ပြီး ဆေးဖိုး လှု ခဲ့တယ် သူ့ အဖေ ဆုံး သွား ပြီးနောက် အဖေ့ တွက် ရည်စူး ပြီး သံ ဃာတော်တွေအတွက် လှု ပြု့ ခဲပါတယ် တိရိစ္ဆာန် လေးတွေ အတွက် လဲ ကု သို လ် ပြု့ ပေးတယ်

သူတို့ သား အဖနောက်ဆုံး အချိန် တွေ့ဖို့ စီစဉ်ခဲ့သောလည်း ကံ ကြမ္ဘာ က မဆုံ ပေး ခဲ့ ပြန် ဘူး

သားလေး ဟာ ကြင်နာသနားတတ်တာ များ ကို ခိုင်ထူးရဲ့ အမျိုး သမီး နေမကောင်းတာ သိ့တော့ ကျောက်ကပ်ဆေး နေတဲ့ အန်တီ ကြီး သနားပါတယ် သူ ရင်ထဲမှာ ခံစားပေးနေတာ သူ ကူညီပေးချင်နေတာ သု ကိုယ်တိုင်က ကျောင်းတက်နေတဲ့ ခလေး မို့ ဘယ် ဝင်ငွေနဲ့ သူ ကူ ညီနိုင်မလဲနော် စိတ်ထားလေး ဖြူ စင် တာများ

လောဘ ဒေါ သ ကင်းစင်သူလေး

လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာက ကိုခိုင်ထူး စီစဉ်တဲ့ golf club ပွဲမှာ ချစ်ငယ်က စင်ပေါ် မှာ သီချင်းဆို သား ထူးလေးက မြက်ခင်း ပြင်မှာ ပြေးဆော့ နေတဲ့ ပုံ လေး တွေ့ လို့ save ထားမိ့တယ် ပြန် တင်ထားလိုက်တယ်

သား ပြုတဲါ ကုသိုလ် ကောင်းမှု့ တွေကို ဖေဖေကြီး ကြား ပြီး သာဓု ခေါ် နေလောက်ပြီ သား ထူးရေ"

ဦးခိုင်ထူးဟာ မဆုံးခင်မှာ သားဖြစ်သူနဲ့တွေ့ဖုုိ့ စီစဉ်ထားပေမယ့် ကံတရားကြောင့် သူအားလုံးကိုနှုတ်ဆက်ထွက်ခွာသွားခဲ့ပြီဖြစ်ပါတယ်။ သူတို့သားအဖအတွက်တော့ စိတ်မကောင်းစရာပါပဲ။

ပရိသတ်ကြီးရေ ဦးခိုင်ထူးအတွက် ကုသိုလ်လုပ်ပေးတဲ့ သားလိမ္မာလေး ဆိုင်းလင်းထူး အတွက် သာဓုခေါ်ဆုတောင်းပေးလိုက်ပါဦးနော။်

သတင်းအရင်းမြစ် May Khalar fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။