မန်ချက်စတာယူနိုင်တိုက်စစ်မှူး လူကာကူက ဆွမ်ဆီးနဲ့ပွဲမှာ တစ်ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ဒါကြောင့် မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူးသစ် လူကာကူဟာ အသင်းအတွက် ပထမဆုံး နှစ်ပွဲဆက် ကစားပေးတဲ့ ပွဲမှာ နှစ်ပွဲလုံး ဂိုးသွင်းယူပေးထားနိုင်တဲ့ ယူနိုက်တက်ရဲ့ ငါးယောက်မြောက် ကစားသမား ဖြစ်လာပါပြီ ။ လူကာကူက ယခုနွေရာသီမှာ အဲဗာတန်ကနေပြောင်းရွှေ့လာတာပါ။လူကာကူက ယမန်နှစ်ကလည်းရွှေဖိနပ်ဆုကို ကပ်သီးလေးလွဲခဲ့ရတာပါ။

မန်ချက်စတာယူနိုင်တက်က လူကာကူအတွက် ပေါင်ရ၅သန်းပေးခဲ့ရပါတယ်။ လူကာကူ အတွက်ပေးခဲ့ရတာနှင့်တန်အောင် လူကာကူကဂိူးတွေသွင်းပေးနိုင်ခဲ့တယ်လို့ဆိုရမှာပါ။ ရှေ့က ရာသီဖွင့်ပွဲမှာ မန်ချက်စတာယူနိုင်တက် ၄-၀ ဖြင့်နိုင်ခဲ့ပါတယ်။ အဆိုပါပွဲမှာတော့ လူကာကူက ၂ဂိုးသွင်းပေးနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ဆွမ်ဆီးကို 4-0 ဖြင့်နိုင်ခဲ့တဲ့ပွဲမှာ လူကာကူက အမ်ခီတာရမ်းရဲ့ပေးပို့မှုကနေ ဂိုးသွင်းပေးနိုင်ခဲ့ပါတယ်။ ယခင်က ပထမဆုံး ကစားပေးခဲ့တဲ့ ပွဲနှစ်ပွဲမှာ ဂိုးသွင်းယူပေးခဲ့တဲ့ ယူနိုက်တက် ကစားသမားတွေကတော့ ဇလက်တန် အီဗရာဟီမိုဗစ်၊ အန်သိုနီ မာရှယ် ၊မာချီဒါ ၊လူးဝစ် ဆာဟာ တို့ပဲ ဖြစ်ကြပါတယ် ။လက်ရှိအချိန်မှာ ယူနိုက်တက်အတွက် လိဂ်ပွဲ နှစ်ပွဲ ကစားပေးထားတဲ့ တိုက်စစ်မှူး လူကာကူဟာ သုံးဂိုးထိ သွင်းယူထားပါပြီ ။ မန်ချက်စတာယူနိုင်တက်အတွက် မှန်ကန်တဲ့ပြောင်းရွှေ့မှုတစ်ခုလို့ဆိုရမှာပါ။

Hein

သတင်းအရင်းမြစ် Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။