မြန်မာပြည်ရဲ့ ထိပ်တန်းအဆိုရှင် နီနီခင်ဇော် နဲ့ အောင်ထက် တော့ မြန်မာနိုင်ငံအတွက် နိုင်ငံတကာအလည်မှာ ဂုဏ်ဆောင်နိုင်အောင် လုပ်ပေးခဲ့ပါတယ် ပရိသတ်ကြီးရေ။ ၂၀၁၇ သြဂုတ်လ ၂၀ ရက်နေ့မှာ ASEAN+3 SONG Contest ပြိုင်ပွဲကြီးကို ဗီယက်နမ်နိုင်ငံ ဖနွမ်းပင်မြို့မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။ 

ဒီပြိုင်ပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ အဆိုတော် နီနီခင်ဇော်နဲ့အတူ အဆိုတော် အောင်ထက်တို့က သွားရောက် ယှဉ်ပြိုင်ခဲ့ကြပြီး အာဆီယံနိုင်ငံပေါင်းစုံကိုကျော်ဖြတ်ပြီး ဒုတိယဆုကို ထိုက်တန်စွာ ဆွတ်ခူးရရှိခဲ့ပါတယ် ပရိသတ်ကြီးရေ။

"မျှော်လင့်ချက် တစ်စုံတစ်ရာ" သီချင်းနဲ့ ပြိုင်ပွဲဝင်ဖျော်ဖြေခဲ့တာဖြစ်ပြီး အဆိုတော်အောင်ထက်က နောက်ကနေ ဗုံတီးရင်း ဟာမိုနီအလိုက်ဆိုပေးခဲ့တာ ဖြစ်ပါတယ်။ အဆိုတော်အောင်ထက်ကလည်း Best Favourite Artist Title ကို ဆွတ်ခူးရရှိခဲ့ကြောင်း ဝမ်းမြောက်စွာ သိရပါတယ် ပရိသတ်ကြီးရေ...

Source: Shone Wai

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။