တနင်္ဂနွေညမှာ ချယ်ဆီးအသင်းနှင့်တော့တီဟမ်စပါးတို့ ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ လန်ဒန်အခြေစိုက် ကလပ်တွေပီပီ တစ်သင်းနှင့်တစ်သင်း အပြိုင်နွဲခဲ့ကြပါတယ်။ ဝင်ဘာလေကွင်းမှာ စပါးအနေနှင့် လန်ဒန်ဒါဘီပြိုင်ဘက် ချယ်ဆီးကို ဧည့်ခံခဲ့ပါတယ်။ ၂သင်းစလုံးက ပွဲပယ်ခံရတဲ့ ကစားသမားတွေကလွဲလို့ အတောင့်တင်းဆုံး ထွက်လာခဲ့ပါတယ်။

တော့တီဟမ်စပါးအသင်းက အလီ၊ အဲရစ်ဆင် ၊ဟာရီကိန်း ၊ ဒမ်ဘီလီတို့်နှင့်ပွဲထွက်လာပါတယ်။ ချယ်ဆီးကတော့ ပွဲပယ်ခံရတဲ့ ကာဟေး ဖာဘရီဂတ်စ်တို်မပါခဲ့ပေမယ့် အသစ်ခေါ်ထားတဲ့ ကွင်းလယ်လူ ဘာကိုယိုကို ပါဝင်လာပါတယ်။ တိုက်စစ်မှာတော့ ဘတ်ရှူးအာယီအစား စပိန်တိုက်စစ်မှူး မိုရာတာက ပွဲထွက်လာပါတယ်။ ပွဲစတယ်ဆိုတာနှင့် နှစိဘက်စလုံး အပြိုင်အဆိုင် တင်ကစားကြပါတယ်။

ဦးဆောင်ဂိုးက စရရှိခဲ့တာကတော့ ချယ်ဆီးအသင်းပဲဖြစ်ပါတယ်။ ၂၃မိနစ်မှာ ဒီဂိုးကိုချယ်ဆီးအသင်း ရရှိလာတဲ့ ပြစ်ဒဏ်ဘောကို နောက်ခံလူ မာ့ကိုအလွန်ဆိုက ကန်သွင်းပြီး ဂိူးရယူခဲ့တာပါ။ ဂိုးပေးလိုက်ရပြီးတဲ့နောက်မှတော့ စပါးအသင်းက ချယ်ဆီးကို အသားကုန်တိုက်စစ်ဖွင့်ဆော့လာပါတယ်။ ပထမပြီးခါနီးမှာ စပါးတိုက်စစ်မှူး ဟာရီကိန်းဘကန်ချက် တိုင်ထိထွက်ခဲ့လို့ စပါးအသင်းနစ်နာခဲ့ရပါတယ်။ မိနစ် ၈၁မိနစ်မှာ မိုရာတာအစားဝင်လာတဲ့ ဘတ်ရှူအာယီက OGသွင်းခဲ့လို့ စပါးအသင်း ချေပဂိုးပြန်ရရှိခဲ့ပါတယ်။ ၈၈မိနစ်မှာ မာ့ကိုသ်အလွန်ဆိုကပဲ ချယ်ဆီးအတွက် ဦးဆောင်ဂိုးထပ်မံသွင်းခဲ့ပါတယ်။ ပွဲပီးမှာတော့ ချယ်ဆီးက စပါးကို 2-1 ဂိုးရလဒ်ဖြင့်အနိုင်ရခဲ့ပါတယ်။

Hein

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။