လက်စတာအသင်းဟာ သူတို့ရဲ့ကစားသမားတွေဖြစ်ကြတဲ့ မာရက်နဲ့ ဂါရေးကို ဆုံးရံှူးခဲ့ရပါက ပဲလေ့အသင်းရဲ့တောင်ပံကစားသမား အန်ဒရီတောင်ဆန်ကို ပြန်လည်ခေါ်ယူသွားမယ်လို့သိရပါတယ်။မာရက်ကို ရိုးမားအသင်းကခေါ်ယူရန်အလိုရှိနေတာဖြစ်တာကြောင့် အဆင်သင့်အစားထိုးဖို့ အန်ဒရီတောင်ဆန်ကို ပစ်မှတ်ထားလာတာလည်းဖြစ်ပါတယ်။

တောင်ဆန်ဟာ ပရီးမီးယားလိဂ်အသင်းတွေဖြစ်တဲ့ စပါး၊ ကျူပီအာ ၊နယူကားဆယ်၊ လက်ရှိခရစ်စတယ်ပဲလေ့စ်အသင်းမှာကစားနေတာလည်းဖြစ်ပါတယ်။တောင်ဆန်ဟာ တောင်ပံတစ်လျောက်မြန်နူန်းမြင့် တိုးအားနဲ့ကစားတတ်တဲ့ ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။ခရစ်စတယ်ပဲလေ့စ်အသင်းဟာ ပရီးမီးယားလိဂ် ၂ ပွဲကစားထားခဲ့ပြီး ၂ ပွဲရံှူးရလဒ် ရရှိထားခဲ့တာဖြစ်ပါတယ်။

လက်စတာအသင်းကတော့ ပရီးမီးယားလိဂ်ပွဲစဉ် ၂ ပွဲကစားထားခဲ့ပြီး  ၁ ပွဲနိုင် ၁ ပွဲရံှူးရလဒ်ကို ပိုင်ဆိုင်ထားခဲ့တာပဲဖြစ်ပါတယ်။လက်စတာအသင်းမှာခြေစွမ်းပြကစားနေတဲ့ မာရက်ကို လက်စတာအသင်းက အသင်းမှာဆက်လက် ထိန်းသိမ်းလိုနေတာဖြစ်တာကြောင့် ရိုးမားအသင်းရဲ့ ၃ ကြိမ်တိုင် ကမ်းလှမ်းမှုကို ပယ်ချခဲ့တာပဲဖြစ်ပါတယ်။

Source - Football Transfer News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။