ယခုခေတ်မှာဆိုရင် မိတ်ကပ်ဟာ လူတိုင်းလိုလို အနည်းနဲ့အများအသုံးပြုလာကြမှာပါ။အလှအပအတွက်ရော အသားအရေအတွက်ပါ အရေးကြီးတဲ့တဲ့ နေရာတစ်ခုဆိုလည်းမမှားပါဘူး။ယခုဆို ဆန်းသစ်တဲ့မိတ်ကပ်ဖန်တီးမှုတွေက အမြင်ဆန်းကြယ်ကာ အသွင်ပုံစံပြောင်းလဲနိုင်စွမ်းရှိလာတာကိုလည်းရုပ်ရှင်ဗီဒီယိုတွေမှာ အများဆုံးမြင်တွေ့နိုင်မှာပါ။ဒါကြောင့် သင်သာအလှအပအတွက်ကြောင့်လည်းကောင်း အသားအရေအတွက် တနည်းနည်းကြောင့်မိတ်ကပ်ကို အသုံးပြုခဲ့ရင် သိထားသင့်တဲ့အချက်တွေကို သိထားခြင်းဟာ သင့်အတွက်အထောက်အကူပြုမှာပါ။

မိတ်ကပ်ကိုပုံမှန်အမြဲတမ်းလိမ်းတဲ့သူတွေက အသားအရေကို နေ့စဉ်ပုံမှန်ပြန်လည်ထိန်းသိမ်း မယ်ဆိုရင်သိထားရမယ့် အချက်လေးတွေရှိပါတယ်။မိတ်ကပ်မလိမ်းခင် မျက်နှာမှာရှိတဲ့အညစ်အကြေးတွေကို အရင်ဆုံးသန့်စင်ပေးရမှာဖြစ်ပါတယ်။ Toner ကိုအသားအရေကြည် လင်စေဖို့အတွက် သုံးပေးသင့်ပါတယ်။ Serum ကိုလည်း အသုံးပြုပေးသင့်တာဖြစ်ပြီး အစိုဓာတ်ဖြည့်ပေးတဲ့ခရင်မ်တွေ၊ နေရောင်ကာလိမ်းဆေးတွေကိုလည်း အသုံးပြုပေးနိုင်မှာဖြစ်တယ်လို့သိရပါတယ်။

မိတ်ကပ်လိမ်းပြီဆိုရင် ကွန်ဆယ်လာနဲ့ အသားအရေမညီတာတွေညှိပေးနိုင်မှာဖြစ်ပြီး ဖောင်ဒေးရှင်း၊ ပေါင်ဒါတွေကိုအသုံး ပြုသင့်ပါတယ်။ ပါးနီ၊ မျက်လုံးအလှအပတွေကိုစိတ်ကြိုက်ခြယ်သနိုင်မှာဖြစ်ပြီး နှုတ်ခမ်းနီကိုတော့ ပေါ်လွင်အောင်ဆိုးပေး သင့်ပါတယ်။ ညပိုင်းမှာ မိတ်ကပ်တွေကိုသေချာပြောင်အောင် မိတ်ကပ်ဖျက်ဆေးနဲ့ဖျက်ပြီး မျက်နှာသစ်ဆပ်ပြာကိုအသုံး ပြုသင့်ပါတယ်။ Toner, Serum, Moisturizer တွေနဲ့ Sleeping mask ကိုလည်း သုံးပေးနိုင်ပါတယ်။သည်လိုနေ့စဉ်ပုံမှန်ပြုလုပ်ပေးတယ်ဆိုရင် မျက်နှာအသားအရေကိုထိန်းသိမ်းနိုုင်တာဖြစ်ပြီး ဝက်ခြံတွေ၊ မှဲ့ခြောက်တွေကို လည်း ကာကွယ်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

သတင်းအရင်းမြစ် လိမၼာ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။