စီးရီးအေးပွဲစဉ်တွေစတင်နေပြီဖြစ်တာကြောင့် ဂျူဗင်တပ် ၊နာပိုလီအသင်းတို့ဟာ အသီးသီးနိုင်ပွဲတွေရယူနိုင်ခဲ့ကြပါတယ်။ရိုးမားအသင်းကလည်း အတ္တလန်နာအသင်းကို အဝေးကွင်းမှာသွားရောက်ကစားခဲ့ပြီး ၁ ဂိုး ၀ ဂိုး နဲ့ အနိုင်ရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။အတ္တလန်နာအသင်းရဲ့အိမ်ကွင်းမာကျောတဲ့ ကစားပုံကြောင့် ခက်ခက်ခဲခဲ အနိုင် ၃ မှတ်ကို ရိုးမားအသင်းအနေနဲ့ ရှာဖွေခဲ့ရတာပဲဖြစ်ပါတယ်။

ရိုးမားအသင်းဟာ ဒီဇီကို ကို တစ်ယောက်တည်း အထောင်ထား ကစားစေခဲ့ပြီး ပီရော့တီ ၊နိုင်ဂိုလန် ၊ ဒီရော့ဆီ ၊စထရူးမန်း စတဲ့ကစားသမားကောင်းတွေနဲ့ပွဲထွက်ခဲ့တာပဲဖြစ်ပါတယ်။အတ္တလန်နာအသင်းကတော့ မနှစ်ကခြေစွမ်းပြခဲ့တဲ့ ကွန်တီကို ရောင်းထုတ်ခဲ့တာက လွဲရင် လူစုံပွဲထုတ်ခဲ့တာလည်းဖြစ်ပါတယ်။ရိုးမားအသင်းဟာ ပထမပိုင်းမှာပဲ ယခုနှစ်ရာသီမှ ခေါ်ယူထားတဲ့ နောက်ခံလူ ကိုလာရော့ဗ် ဂိုးနဲ့ဦးဆောင်နေခဲ့တာလည်းဖြစ်ပါတယ်

အတ္တလန်နာအသင်းဟာ ဂိုးပေးခံရပြီးနောက်ပိုင်းမှာ တိုက်စစ်သုံးယောက်ကစားကွက်ကို ပြောင်းလဲကစားခဲ့ပြီး ရိုးမားအသင်းကို ဖိအားပေးကစားခဲ့တာလည်းဖြစ်ပါတယ်။ရိုးမားအသင်းရဲ့ နောက်ခံလူ ပီရက် ဒဏ်ရာရရှိခဲ့ပြီး ထွက်ခွာသွားခဲ့ပြီးနောက် အတ္တလန်နာအသင်းခေါင်းဆောင် ဂိုးမက်ကို ထိန်းချူပ်နိုင်ခဲ့ခြင်းမရှိတာကိုလည်းတွေ့မြင်ရပါတယ်။ပွဲပြီးဆုံးခါနီးအချိန် ဂိုမက်ရဲ့ ဖြတ်တင်ဘောကနေ အတ္တလန်နာအသင်းရဲ့ကစားသမားပိတ်သွင်းယူခဲ့တာ ဂိုးတိုင်နဲ့ထိပြီးထွက်လာခဲ့တာကြောင့် ချေပဂိုးနဲ့ဝေးခဲ့ရပြီး ပွဲအပြီးမှာ ၁ဂိုး ၀ ဂိုး နဲ့ ရိုးမားအသင်းအနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။

Source - As Roma

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။