ပရလောကအကြောင်းကတော့ ထွေထွေထူးထူးပြောစရာမလိုဘူးလို့ထင်ပါတယ်။တချို့အရမ်းစိတ်ဝင်တစား လေ့လာကြသူတွေလည်းရှိသလို အယုံအကြည်မရှိသူတွေလည်းရှိပါတယ်။လက်တွေ့မှယုံကြည်သူတွေအတွက်လည်း ဒီပရလောကဟာဆန်းကြယ်နေပါတယ်။ဒီတခါတော့ သရုပ်ဆောင်နန်းဆုရတီစိုးက ပရလောကရှိတယ်ဆိုတာကို ယုံကြည်တယ်လို့ပြောထားပါတယ်။ 

ယခုဆိုရင်နန်းဆုရတီစိုး ဟာ MNTVရုပ်သံလိုင်းကနေ ထုတ်လွှင့်မဲ့ တစ္ဆေပျောက်ကြော်ငြာရုပ်သံဇာတ်လမ်းတွဲရိုက်ကူးနေပါတယ်။ဒီဇာတ်ကားထဲမှာဆိုရင်ဖြင့် လူငယ်မားကက်တင်းအဖွဲ့ တခုဖွဲ့ပြီး တစ္ဆေ၊သရဲ ရှာပုံတော်ဖွင့်ကြတယ်။နန်းဆုတစ်ယောက်ကတော့ ဒီဇာတ်ကားထဲမှာ မားကက်တင်းအဖွဲ့ရဲ့မန်နေဂျာပေါ့။ဇာတ်လမ်းလေးရဲ့ ထူးခြားချက်ကတော့ ပရိသတ်ကို ကွန်ပျူတာအရိပ်တွေ၊ Animation တွေ မလုပ်ပြဘဲ သဘာဝကျကျ ဇာတ်ရုပ်မှန်ကို ချပြပေးထားတာပဲ ဖြစ်ပါတယ်။ နန်းဆုက သူမရဲ့ ငယ်စဉ်ကလေးဘ၀ ကတည်းက ပရလောကရဲ့ ခြောက်လှန့်မှုတွေကိုခံခဲ့ရပြီး ခုပြသမဲ့ တစ္ဆေပျောက်ကြော်ငြာ ဇာတ်လမ်းတွဲ ရိုက်ကူးရာမှာလည်း ဇာတ်ဝင်ခန်းတချို့မှာ တစ္ဆေသရဲတို့ရဲ့ ခြောက်လှန့်မှုတွေနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

''နန်းဆုအနေနဲ့ ရုပ်ရှင်ထဲမှာတင် မဟုတ်ပါဘူး။ အပြင်လောကမှာလည်း ပရလောကဆိုတာ ရှိပါတယ်။ နန်းဆုက ဒီဇာတ်ကားရိုက်လို့ သရဲ၊ သစ္ဆေရှိတယ်ဆိုတာ ယုံကြည်တာရော၊ နန်းဆု ကလေးဘဝကလည်း ဒီပရလောကရဲ့ခြောက်လှန့်မှုတွေကို ခံခဲ့ရတာကြောင့် ပရလောကနဲ့ ပရလောကသားဆိုတာ တကယ်ရှိတယ် လို့ ယုံကြည်မိတာပါ''လို့ သရုပ်ဆောင်နန်းဆုရတီစိုးက ပြောပါတယ်။သူရဲကားတွေထဲမှာ ခုဇာတ်လမ်းတွဲ ရိုက်ကူးထားတာ တကယ့်သင်္ချိုင်းမှာ သွားရောက် ရိုက်ကူးရတာတွေ၊ နေ့အချိန်ထက် ညအချိန်တွေပိုများလို့ စိတ်ချောက်ချားစရာကောင်းလှပါတယ်။ သူမအပါအဝင် ဒီဇာတ်လမ်း တွဲမှာ ပါဝင်ကြသူအားလုံးဟာ ကိုယ်ရော၊ စိတ်ရော အားကြိုးမာန်တက်နဲ့ ကြိုးစားအားထုတ်ထားတယ်လို့ ဆိုပါတယ်။

သတင်းအရင်းမြစ် နီနီလိႈင္

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။