ယခုနှစ်နွေရာသီမှာ ဘောလုံးလောကအတွင်း အံဖွယ်ကိစ္စတစ်ခုဖြစ်လာပါတယ်။ ဒါကတော့ ဘာစီလိုနာတိုက်စစ်မှူး နေမာက ပြင်သစ်ကလပ် ပီအက်စ်ဂျီသို့ပြောင်းရွှေ့ခဲ့တာပါ။ ထိုကဲ့သို့ပြောင်းရွှေ့ရာမှာ ကမ္ဘာ့စံချိန်တင်ကြေးယူရို ၂၂၂သန်းနဲ့ ပြောင်းရွှေ့ခဲ့တာပါ။ ယခုအခါမှတော့ တိုက်စစ်မှူးနေမာ ဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဖြစ်လာနိုင် ပါတယ် လို့ ပီအက်စစ်ဂျီ နည်းပြကချီးမွမ်းပြောဆိုခဲ့ပါတယ်။

တော့တီဟမ်စပါးအသင်းက အလီ၊ အဲရစ်ဆင် ၊ဟာရီကိန်း ၊ ဒမ်ဘီလီတို့်နှင့်ပွဲထွက်လာပါတယ်။ ချယ်ဆီးကတော့ ပွဲပယ်ခံရတဲ့ ကာဟေးပီအက်စ်ဂျီနည်းပြ အူနိုင်းအမ်မရီက "နေမာ ဟာ ထိပ်တန်းဆင့် ကစားသမားတစ်ယောက် ပါ ။ ကမ္ဘာပေါ်က အ ကောင်းဆုံးဘောလုံးသမားတစ် ယောက် ပါပဲ ။ ဒါပေမယ့် သူဟာ အခြားသူတွေနဲ့ တန်းတူပဲ ပြောဆိုနေထိုင် တဲ့သူပါ ။ အသင်းရဲ့ အဝတ် လဲခန်းထဲမှာ သူက သာမန် လူတစ်ယောက် လိုပါပဲ။ အသင်းက ကစားသမားတွေအားလုံး နေမာ ရောက် လာတဲ့ အတွက် ပျော် ရွှင် ကျေနပ် နေကြပါတယ် ။ ဒါကို ပဲ ကျွန်တော်တို့ လိုချင် ခဲ့ကြတာပါ”

“နေမာ နဲ့ အတူ လေ့ကျင့်ရင်း တိုးတက် မှုတွေကို ကျွန်တော် မျှော် လင့်ထားပါတယ် ။ သူ့ကိုလည်း ကမ္ဘာ့အ ကောင်းဆုံး ဘောလုံးသမားတစ်ယောက်ဖြစ် လာအောင် ကူညီပေးမှာပါ ။ သူ့အတွက် ကျွန်တော်တို့ လေ့ကျင့် ကူညီပေးသလို သူကလည်း ကျွန်တော်တို့ကို ပြန်ပြီး ကူညီသွားမှာပါ ။ ကျွန်တော်တို့တွေ အတူတကွ ပေါင်းစည်းပြီး ပိုကောင်းမွန် တဲ့ အသင်းတစ်သင်းဖြစ်အောင် လုပ်ဆောင် သွားမှာပါ”လို့ ပီအက်စ်ဂျီအူနိုင်းအမ်မရီကပြောကြားခဲ့တာပါ။ နေမာအနေနှင့် ပြင်သစ်လီဂူးကလပ် ပီအက်စ်ဂျီနှင့် မည်မျှအောင်မြင်မလဲဆိုတာ စောင့်ကြည့်ချင်စရာတစ်ခုပင်။

Hein

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။