မင်္ဂလာပါ

မလေးရှားရောက်မြန်မာများ အနေဖြင့် 2017 အရှေ့တောင်အာရှနိုင်ငံများ၏ အမျိုးသား ဘောလုံပွဲစဉ်ထဲမှ အုပ်စု (က) ရှိ မြန်မာအသင်း၏ အုပ်စု နောက်ဆုံးပွဲစဉ်ဖြစ်သော မြန်မာ - မလေးရှား ပွဲစဉ်ကို နံနက်ဖြန် 21.8.2017 ည 8:45 တိတိတွင် Shah Alam ဘောလုံးကွင်း ၌ ကျင်းပမည်ဖြစ်သည်ကို မြန်မာများအနေဖြင့်သိရှိပြီး ဖြစ်ပါလိမ့်မည် ။

ယခု အသိပေးလိုသည်မှာ နံနက်ဖြန် မြန်မာအသင်း နှင့် မလေးရှား အသင်းတို့ ယှဉ်ပြိုင်မည့် ကွင်း ဖြစ်သည့် Shah Alam ဘောလုံးကွင်းသို့ မလေးရှားရောက်မြန်မာနိုင်ငံသားများ သွားရောက်မည်ဆိုပါက အောက်ပါအချက်များကို သတိပြုလိုက်နာကြရန် အသိပေးနှိုးဆော်ရပါသည် ။

(1) ပွဲသို့ကိုယ်တိုင်သွားရောက်ကြည့်ရှုမည်ဆိုပါက ဘောလုံးပွဲလက်မှတ်များကို ဂန္တဝင်စားသောက်ဆိုင် နှင့် အတူ အခြားသော မြန်မာဆိုင်များတွင်စတင်ဝယ်ယူနိုင်သလို နံနက် 10 နာရီမှစတင်ကာ Shah Alam ကွင်း ဂိတ် (A) တွင် စတင်ရောင်းချမည်ဖြစ်ကြောင်း နှင့် အွန်လိုင်း တွင်လည်းဝယ်ယူနိုင်မည်ဖြစ်ကြောင်း (အွန်လိုင်းမှဝယ်ယူပါက ရရှိမည့်ခုံသည်မလေးနိုင်ငံသားများကြားရောက်ရှိသွားနိုင်သောကြောင့် အကောင်းဆုံးမှာ သတ်မှတ်နေရာများတွင်ဝယ်ယူြုခင်းပင်ဖြစ်သည်) ။

(2) မြန်မာပရိတ်သတ်များ အားလုံးအတွက် ကားရပ်နားရန် ၊ လက်မှတ်ဝယ်ရန် ၊ ကွင်းအတွင်းသို့ ဝင်ရန် အားလုံး အားလုံးသော ကိစ္စများအတွက် ဂိတ် (A) ဝင်ပေါက်ကိုသာ အသုံးပြုရန် အထူး သိရှိစေလိုကြောင်း ။

-

(3) ဘောလုံးပွဲလာရောက်ကြည့်ရှုမည့် မလေးရှားရောက်မြန်မာနိုင်ငံသား ပရိတ်သတ်များအတွက် လိုအပ်သော အကူညီများရှိပါကပေးအပ်မည့် ဖွဲ့စည်းထားသော မြန်မာလူမှုအသင်းအဖွဲ့များ နှင့် လုပ်အားပေးများ သည်လည်း ထို ဂိတ်(A) တွင် ရှိနေမည်ဖြစ်ကြောင်း ။

(4) တစ်စုံတစ်ရာသော ကိစ္စများပေါ်ပေါက်လာပါက မြန်မာများအနေဖြင့် ချက်ခြင်း အကူညီတောင်းခံနိုင်မည့်နေရာသည် လည်း ထို ဂိတ် (A) တွင်သာဖြစ်ကြောင်း တို့ နှင့်

-

(5) အကူအညီတစ်စုံတစ်ရာတောင်းခံလိုပါက အောက်ပါဖုန်းနံပတ်များအား ဖုန်းခေါ်ဆိုအကူညီတောင်းခံနိုင်ရန် အဆင်သင့်ပြင်ဆောင်ရွက်ထားခြင်းတို့ပြုလုပ်ထား နိုင်ပါရန်

-

နံနက်ဖြန် Shah Alam ပွဲသို့သွားရောက်အားပေးမည့် မြန်မာနိုင်ငံသားအားလုံး(အားလုံး) အတွက် အချိန်မီ ရေးသားတင်ဆက်ပေးရပါသည် ။

အောက်ပါပုံများကို သေချာစွာ လေ့လာပြီး အချင်းချင်းလက်ဆင့်ကမ်းကြပါရန် လည်း အသိပေး နှိုးဆော်ရပါသည် ။

အကုညီလိုအပ်ပါက ချက်ခြင်းတောင်းခံနိုင်မည့် မြန်မာ Volunteer ဖုန်းနံပတ်များ

-------------

1. ဦးအောင်သန်းညွှန့် - 019 6491473

2. ဦးသက် - 017 2838470

3. ဦးကိုကိုလတ် - 0111 50 60 890

4. ဦးမျိုးညွှန့် - 014 2352558

5. ဦးအောင်မင်းကြည် - 0112 585 0026

6. ဦးသန်းနိုင် - 0112 84 84 788

7. ဦးနိုင်ဝင်း - 017 3457 491

8. ဦးအောင်မျိုးနိုင် - 014 3644 298

9. ဦးချမ်းမြေ့ - 016 9979 123

10. ဦးသက်နိုင်စိုး - 018 7723 213

11. ဦးကိုကိုလင်း - 018 352 4149

12. ဦးကျော်သူမောင် - 016 334 0081

13. ဥိး ချစ်ကိုကို - 018 380 3144

14. ဦးကိုကို - 016 3146 500

15. ဦးမင်းထက် - 016 9144 983

Credit : MFF ,

FootballAssociationofMalaysia , 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။