နာမည်ကြီးမင်းသမီးထက်ထက်မိုးဦးရဲ့ တူမလို့ လည်း သူမကို သိထားကြပါတယ်။

ပရိသတ်တွေချစ်ခင်အားပေးမှုရရှိထားတဲ့ ရုပ်ရှင်နဲ့ဗွီဒီယိုသရုပ်ဆောင် နဝရတ် တစ်ယောက် ပျောက်ချက်သားကောင်းနေလို့ သတိရနေတဲ့ပရိသတ်တွေရှိမယ်ထင်ပါတယ်။

ဗီလိန်ဇာတ်ရုပ်အပြင် ဇာတ်ရုပ်တိုင်းကို ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့တဲ့မင်းသမီးချော နဝရတ်ဟာ မြန်မာပြည်နဲ့ ပြည်ပကို ကူးချီသန်းချီလုပ်နေပြီး ကိုယ်ပိုင်စီးပွားရေးအနေနဲ့ Beauty Saloon တွေလည်း ဖွင့်လှစ်ထားတာဖြစ်ပါတယ်။

သူမပါ၀င်သရုပ်ဆောင်တဲ့ဇာတ်ကားတိုင်းကို တခဲနက်အားပေးတဲ့ပရိသတ်တွေရှိခဲ့သလို လက်ရှိအချိန်မှာ အရင်လို အနုပညာလောကထဲပြန်လှည့်ဦးမယ်ဆိုရင်လည်း သူမကို ပြန်လည်အားပေးမယ့်သူတွေရှိနေဆဲပါပဲ။

လက်တလောမှာတော့ မြန်မာပြည်ကိုပြန်လည်ရောက်ရှိနေတာလအနည်းငယ်ကြာပြီဖြစ်တဲ့ နဝရတ် တစ်ယောက် ပြင်ဦးလွင်ဘက်ကို ခရီးထွက်နေကြောင်း သူမရဲ့ဖေ့ဘုတ်စာမျက်နှာမှာ တင်ထားတာပါ။

အပျိုကြီးမမ နဝရတ်ဟာမဟာအံထူးကံသာဘုရားကြီးကိုလည်း သွားရောက်ဖူးမြော်ခဲ့ပြီး လွတ်လပ်ပေါ့ပါးတဲ့ ဒေသထွက် အဝတ်အစားလေးကို ရိုးရှင်းစွာဝတ်ဆင်ထားတဲ့ အလှပုံရိပ်တွေကိုလည်း လူမှုကွန်ရက်မှာ မျှဝေထားပါသေးတယ်။

နဝရတ် ကို ချစ်သေးရင် Like & Share နော်။ 

သတင်းအရင်းမြစ် Nawaratt fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။