အပြိုင်အဆိုင်ပွဲကြမ်းခဲ့ကြတဲ့တစ်ဖက်အုပ်စုကပွဲစဉ်များ

ဆီးဂိမ်းပြိုင်ပွဲရဲ့ အုပ်စု(A)မှာမြန်မာအသင်းကတော့သက်တောင့်သက်သာ

ဆီမီးကိုရောက်သွားပေမယ့် ထိုင်း၊ဗီယက်နမ်၊အင်ဒိုတို့ပါဝင်တဲ့

အုပ်စု(ခ)ပွဲစဉ်တွေကတော့ဆီးမီးဖိုင်နယ်တက်ရောက်ခွင့်

ရရေးအတွက်ပြိုင်ဆိုင်မှုတွေပြင်းထန်နေအာတယ်။

ဗီယက်နမ်အသင်းကဖိလစ်ပိုင်ကိုလေးဂိုးသွင်းခဲ့ပါတယ်။

ဗီယက်နမ်ကအုပ်စုပွဲစဉ် သုံးပွဲလုံး လေးဂိုးစီသွင်းခဲ့ပေမယ့်

နောက်ဆုံးကစားရမယ့်ပွဲစဉ်နှစ်ပွဲက

အင်ဒိုနဲ့ထိုင်းဖြစ်တာကြောင့်အုပ်စုကတက်ပြီလို့

ကံသေကံမပြောလို့မရပါဘူး။

တခြားပွဲစဉ်တွေဖြစ်တဲ့အင်ဒို နဲ့တီမော၊ ထိုင်းနဲ့ကမ္ဘောဒီးယား

တို့ပွဲတွေမှာပြိုင်ဆိုင်မှုပြင်းထန်ပြီးပွဲကြမ်းခဲ့ပါတယ်။

အင်ဒိုအနေနဲ့တီမောကိုတစ်ဂိုးအသာနဲ့အနိုင်ရခဲ့တယ်

ဆိုပေမယ့် အားထားရတဲ့ကွင်းလယ်လူအီဗန်ဒီးမက်အဝါကတ်ထိသွားလို့

ဗီယက်နမ်နဲ့ပွဲမှာပါဝင်နိုင်ခြင်းမရှိတာဟာပေးဆပ်မှုကြီးမားသွားခဲ့ပါတယ်

။မလေးရှားဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်အမှားတချို့ရယ်တီမောအသင်းနောက်ခံလူဖိလစ်ပီရဲ့အသားကုန်

လူလိုက်ချတဲ့အကွက်တွေဟာပွဲကိုရုပ်ဆိုးစေခဲ့ပါတယ်။အင်ဒိုနဲ့တီမောကစားသမားတွေရဲ့

အချင်းများမှုတွေကိုလည်း

မကြာခဏတွေ့မြင်ခဲ့ရပါတယ်။

ကမ္ဘောဒီးယားကို ဂိုးများများနဲ့အနိုင်ရဖို့လိုနေတဲ့ထိုင်းကတော့

လွယ်လွယ်အရှုံးမပေးတဲ့ခမာတို့ကြောင့်အနည်းငယ်ခက်ခဲခဲ့ရပါတယ်။

တိုက်စစ်မှူးချန်းရော့ ၊ဘူရမ်ကိုအထောင်ထားပြီး

ဆော့ခဲ့ပေမယ့်ကမ္ဘောဒီးယားဂိုးသမားအုမ်ဆီရော့လက်စွမ်း

ပြနေခဲ့တာကြောင့်ဂိုးရဖို့ရုန်းကန်ခဲ့ရပါတယ်။

ဒါပေမယ့်ပထမပိုင်း35မိနစ်မှာကမ္ဘောဒီးယားကွင်းလယ်လူ

ပိုရော့ရဲ့ပေါ့ဆမှုကနေတောင်ပံကစားသမား

ပီချာအူချာကထိုင်းအတွက်အဖွင့်ဂိုးသွင်းယူပေးခဲ့ပါတယ်။

ပထမပိုင်းပြီးခါနီးထိုင်းနဲ့ကမ္ဘောဒီးယားကစားသမားတွေ

ရုတ်ရုတ်သဲသဲဖြစ်ခဲ့ပြီးထိုင်းတိုက်စစ်မှူးဘူရမ်နဲ့ကမ္ဘောဒီးယား

တိုက်စစ်မှူးဆွန်ဆန်နမ်တို့ထုတ်ပါယ်ခံခဲ့ရပါတယ်။

ထိုင်းအသင်းရဲ့ဒုတိယနဲ့တတိယဂိုးတွေကိုတောကွင်းလယ်ဖန်တီးရှင်

ဝိုရာချစ်အစားဝင်လာတဲ့နာသာဝတ်ကဒုတိယပိုင်းမှာ

သွင်းယူပေးသွားခဲ့တာပါ။

agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။