အမေရိကားမပြန်ခင် ၆၆ ဃ နဲ့တရားလာစွဲလို့ရတယ်လို့ ပြောလိုက်တဲ့ မခငယ်

မခငယ်က ကိုစိုးသူနဲ့ပတ်သက်ပြီး လုပ်ကြံပြောဆိုတယ်လို့ စွပ်စွဲနေတဲ့ သူတွေကို အခုလိုဘဲ ပြောလိုက်ပါတယ်။

ကိုစိုးသူနဲ့ပတ်သတ်ပြီး ကျမက မဟုတ်မမှန် video တင်ပြီး လွတ်လပ်သူနှစ်ယောက်ကို ဂုဏ်သိက္ခာညှိ ုနွမ်းအောင် လုပ်ကြံ ပြောဆိုခဲ့ပြီး သူတို့ရဲ့ချစ်ချင်းကို ယုတ်ညံစွာ ကွေးကွင်းအောင်လုပ်နေပါသည်ဟု ပြောဆိုခဲ့သော/နေသော မည်သူ တစ်ဦးတယောက်မဆို 

သူတို့နှစ်ဦးရဲ့ လွတ်လပ်ကြောင်းနှင့် တရားဝင်ပေါင်းသင်းနေထိုင်ကြောင်းကို သက်သေအထောက်အထာများကျမအားပေးပို့ခြင်းဖြင့် မိတ်ဆွေတို့ ယုံကြည်နေသော လွတ်လပ်သူနှစ်ဦးဟုတ်မဟုတ်ကို ကျမဘက်မှ ကျမ us မပြန်ခင် ဥပဒေဘောင်အတွင်းတုန့်ပြန်နိုင်မည် ဖြစ်ကြောင်းနှင့် 

မပြန်ခင် ကျမအား မဟုတ်မမှန်ပြောခဲ့ပါသည်ဟုပြောဆိုနေသော ကာယကံရှင်နှစ်ဦးမှ ကျမကို ၆၆ ဃ နှင့် တရားစွဲလိုပါလျှင်လည်း အမှတ် ၃၉ ရွှေကြာရံ အိမ်ယာ မြောက်ဒဂုံတွင်ရှိကြောင်း အသိပေးလိုပါသည်လို့ သူမရဲ့ facebook မှာရေးသားထားပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။