လာလီဂါပွဲစဉ်တွေစတင်နေခဲ့ပြီဖြစ်တာကြောင့် စပိန်ကလပ် အသင်းကြီးများဟာ ကိုယ်စီနိုင်ပွဲတွေယူသွားနိုင်ခဲ့ပြီးဖြစ်သော်လည်း အက်သလက်တီကိုအသင်းက တန်းတတ် ဂျီရိုနာအသင်းကို အဝေးကွင်း သရေလိုက်ကစားခဲ့ရတာကြောင့် ပွဲဦးထွက်ကတော့မလှပခဲ့တာပဲဖြစ်ပါတယ်။ရီးရဲလ်မက်ဒရစ်အသင်းဟာ အဝေးကွင်းမှာ ဒီပို့တီပို့အသင်းကို ၃ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပြီး ၃ မှတ်ကိုတော့ရယူနိုင်ခဲ့ပြီဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ စီရော်နယ်ဒို ပွဲပယ်ပြစ်ဒဏ်ကြောင့် မပါဝင်နိုင်ခဲ့ပေမဲ့လည်း ဘင်ဇီမာ ၊ဂါရတ်ဘေး ၊ အစ္စကို ၊ကရူး  စတဲ့ကစားသမားတွေနဲ့ ပွဲထွက်လာခဲ့တာလည်းဖြစ်ပါတယ်။ပထမပိုင်း ၁၉ မိနစ်မှာပဲ ဘင်ဇီမာ ဖန်တီးပေးမှုကနေ ဂါရတ်ဘေးလ် အနီးကပ်ပိတ်သွင်းယူခဲ့တာလည်းဖြစ်ပါတယ်။၂၆ မိနစ်မှာတော့  မာဆယ်လိုဖြတ်တင်ပေးလိုက်တဲ့ဘောလုံးကို ကတ်စမဲရိုးက အနီးကပ် ပိတ်သွင်းယူခဲ့တာလည်းဖြစ်ပါတယ်။

နောက်ဆုံးဂိုးကိုတော့ ဒုတိယပိုင်း ၆၁ မိနစ်မှာ ဂါရတ်ဘေး ဖန်တီးပေးလိုက်တဲ့ဘောလုံးကို ကရူးက အပြင်းကန်သွင်းယူခဲ့တာလည်းဖြစ်ပါတယ်။ရီးရဲလ်မက်ဒရစ်အသင်းဟာ သြဂုတ်လ ၂၇ ရက်နေ့မှာ လာလီဂါ ပွဲစဉ်အဖြစ် ဗလင်စီယာအသင်း ကို အိမ်ကွင်းမှာ လက်ခံကစားသွားရမှာလည်းဖြစ်ပါတယ်။ ဗလင်စီယာအသင်းဟာ လာလီဂါအဖွင့်ပွဲမှာ လက်ပါးမားစ် အသင်း ၁ ဂိုး ၀ ဂိုးနဲ့ အနိုင်ရရှိထားခဲ့တာလည်းဖြစ်ပါတယ်

Source - Real Madrid

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။