ပရိသတ်ကြီးရေ…အမျိုးသားဘောလုံးပွဲစဉ်ဖြစ်တဲ့ ( မြန်မာ Vs မလေးရှား) ပွဲစဉ်ကို အားပေးဖို့ အဆင်သင့်ဖြစ်ပြီလား..။ 29th ကြိမ်မြောက် SEA Games အမျိုးသားဘောလုံးပြိုင်ပွဲ (မြန်မာ Vs မလေးရှား) ပွဲစဉ်ကို ယနေ့ (၂၁.၈.၂၀၁၇) နေ့ မြန်မာစံတော်ချိန် ( 7:15 PM) အချိန်မှာ ရန်ကုန် ပြည်သူ့ရင်ပြင်နှင့် မန္တလေး မန္တလာသီရိအားကစားကွင်းတို့တွင် Lion Energy Drink မှ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။  

အဆိုတော် တေးသံရှင် ဖြူဖြူကျော်သိန်းနဲ့ အိမ့်ချစ်တို့ကလည်း ညနေ(၆)နာရီ အချိန်မှာ ရန်ကုန်ပြည်သူ့ရင်ပြင်ကွင်း(၁)မှာ ပွဲမစခင်နှင့် ပထမပိုင်းပြီး နားတဲ့အချိန်မှာ သီချင်းများဖြင့်သီဆိုဖျော်ဖြေပြီး ပရိသတ်များနှင့်အတူ အားပေးသွားမှာဖြစ်ပါတယ်။

ထို့ပြင် ဂိမ်းအစီအစဉ်များ၊၊ ကံစမ်းမဲများနှင့် မြန်မာT-shirt အကျီၤများကိုဝေပေးမှာဖြစ်ပြီး မြန်မာစာတန်းပါ နှဖူးစည်းများကို ဝေပေးခြင်းအပြင် မျက်နှာဆေးချယ်ပေးခြင်း နှင့် Lion အချိုရည်များကိုလည်း အခမဲ့တိုက်ကျွေးမှာ ဖြစ်ပါတယ်။ 

တေးသံရှင် ဖြူဖြူကျော်သိန်းကလည်း “ အမျိုးတို့ရေ မြန်မာအသင်းကို ဖြူဖြူတို့နဲ့ အတူတူအားပေးကြဖို့ ညနေ(၆)နာရီ ပြည်သူ့ရင်ပြင်ကွင်း(၁)ထဲအရောက်နော်။ ပိတ်ကားအကြီးကြီးနဲ့ကြည့်ကြမယ်။ မြန်မာရှပ်၊ခေါင်းစည်းတွေကိုလည်း လက်ဆောင်လုပ်ထားပါတယ်။ အမောပြေဖျော်ရည်လည်း တိုက်ဦးမှာတဲ့။ Lion Energy Drink ကလှူတာပါ။ ဖြူဖြူနဲ့အတူ”လက်ခုပ်သံ” အပါအဝင်သီချင်းမြူးမြူးလေးတွေနဲ့ ပွဲမစခင် နဲ့ အလယ်ကနားတဲ့ အချိန်မှာ သီချင်းတွေအော်ဆိုပြီး အင်အားပြကြရအောင်ပါ။ ဘောလုံးဝါသနာပါပါ မပါပါ လာခဲ့ပါ။” ဟု သူမရဲ့ Fb စာမျက်နှာမှ တဆင့် ပရိသတ်များကို ဖိတ်ခေါ်ထားပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။