တစ်ချိန်က ဆယ်ကျော်သက်ဘဝတုန်းက အရမ်းကြိုက်ခဲ့ရတဲ့ နာမည်ကြီးအဆိုတော် No အဖွဲ့ဆိုရင် မသိတဲ့သူမရှိသလောက်ပါပဲ။

ချစ်စရာကောင်းတဲ့မိန်းကလေး(၃)ယောက်အဖွဲ့ဖြစ်ပြီး သဇင်ကလည်း တစ်ဦးအပါအဝင်ပါပဲ။

မိန်းကလေးပရိသတ်တွေနဲ့ ထပ်တူကျမယ့် သီချင်းကောင်းလေးတွေသီဆိုခဲ့တဲ့အပြင် သရုပ်ဆောင်ဘက်မှာ ခြေဦးလှည်ခဲ့ဖူးသူမို့ ပရိသတ်အခိုင်အမာရရှိထားသူဖြစ်ပါတယ်။

အနုပညာအလုပ်တွေနဲ့မျက်ခြေပြတ်နေတာကြာပြီဖြစ်တဲ့ သဇင်တစ်ယောက် မြန်မာပြည်ကို ပြန်လည်ရောက်ရှိနေတုန်းမှာ ပြည်ပမှာ သူမသင်ယူခဲ့တဲ့ မိတ်ကပ်ပညာကို ပြန်လည်မျှဝေတဲ့အနေနဲ့ ရက်တိုသင်တန်း ဖွင့်လှစ်မှာဖြစ်တယ်လို့ ဆိုပါတယ်။

လက်တလောမှာတော့ အရင်ကထက်ပိုလှနေဆဲဖြစ်တဲ့ သဇင်က သူမရဲ အိမ်ထောင်ရေးအကြောင်းကို Myanmar Cele Wiki အင်တာဗျုူးမှာ အခုလိုဖြေကြားခဲ့ပါတယ်။

အိမ်ထောင်ကျပြီး သြစီမှာနေထိုင်နေတဲ့ သဇင်ဟာ သူမရဲ့အမျိုးသားဖြစ်သူနဲ့ အိမ်ထောင်သက်တမ်း(၅)နှစ်ကျော်ပြီဖြစ်ပြီး သူမအပေါ် တန်ဖိုးထားချစ်ခင်တဲ့အကြောင်း ပြောပြထားပါတယ်။

ဒါ့ပြင် အသက်တွေလည်းမငယ်တော့တာဖြစ်တာတဲ့အတွက် ရင်သွေးယူဖို့ စီစဉ်နေပြီဖြစ်ကြောင်း ၊သူမရဲ့ အမျိုးသားရဲ့မိသားစုဝင်များကလည်း သူမကို သမီးရင်းလေးတစ်ယောက်လို ချစ်ခင်တဲ့အတွက် ကံကောင်းတယ်လို့ ဆိုပါတယ်။

သီချင်းတွေလုပ်တဲ့အခါမှာ သူမကိုဘေးနားကနေ အကြံပေးတတ်သူဖြစ်ပြီး လိုလေသေးမရှိအောင် ဂရုစိုက်တတ်သူဖြစ်တယ်လို့ လည်း ဖွင့်ဟခဲ့ပါတယ်။

သူမသြစီကိုမပြန်ခင်ရက်ပိုင်းမှာတော့ ရုပ်ရှင်သရုပ်ဆောင်မေသဥ္ဖာဦး ၊ ခင်လေးနွယ် ၊ အဆိုတော်အားတီ စတဲ့ အနုပညာမောင်နှမတွေနဲ့ တွေ့ဆုံပွဲလေးလည်း လုပ်ခဲ့တယ်လို့ သိရပါတယ်။ 

သတင်းအရင်းမြစ် Thazin fb,Myanmar Cele wiki

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။