လူတိုင်းနေ့စဉ်ငယ်ရာမှာကြီးရာအထိ နေ့စဉ်မြင်ဖူးတွေ့ဖူးတဲ့ငါးတွေနဲ့တော့ ဆင်သလိုရှိပေမဲ့ တကယ်တမ်း များစွာကွာဟပါတယ်။မြင်ဖူးသမျှထဲမှာတော့ တော်တော်ဆိုးဆိုးငါးပါပဲ။ဒီငါးဟာ black swallower လို့လဲခေါ်ပြီး တစ်နည်းအားဖြင့် အစားကြီးငါးလို့လည်း ခေါ်ပါတယ်။သူတို့က သူထက်အရွယ် (၁၀) ဆကြီးတဲ့ငါးတွေကိုပြန်မြိုနိုင်ပြီး သူတို့ဗိုက်ကိုလည်း သာမာန်ထက်ကြီးမားလာအောင်ဆန့်ထုတ်နိုင်ပါတယ်။

ပင်လယ်ရေအနက်ပေ ၂၀၀၀ ကနေ ၉၀၀၀ အတွင်းမှာ ကျက်စားလေ့ရှိပါတယ်။သူတို့ထက်အရွယ်ကြီးမားတဲ့အကောင်တွေကိုတော့ ချက်ချင်းအ

မမြိုနိုင်ပါဘူး။သေးဆုံးပြီးမှာ ပုပ်လာတဲ့အခါ ရေမျက်နှာပြင်မှာပေါ်လာတဲ့အခါကျမှ စားသောက်လေ့ရှိပါတယ်။အရွယ်အစားကတော့ (၇)လက်မနဲ့ (၁၀) လက်မ ၀န်းကျင်သာရှိပါတယ်။

သူတို့ရဲ့ သိပ္ပံအမည်ကတော့ Chiasmodon Niger ဖြစ်ပါတယ်။သူတို့ဟာနေရာတိုင်းမှာမရှိဘဲ မြောက်အတ္တလန္တိ သမုဒ္ဒရာထဲမှာ အများဆုံးတွေမြင်နိုင်ပါတယ်။ကမ္ဘာပေါ်မှာလူတွေမမြင်ဘူးသေးတဲ့ငါးမျိုးစိတ်ပေါင်း သန်းနဲချီရှိပါတယ်။အန္တာတိကတိုက်ရဲ့ မြစ်ထဲမှာ အလွန်ထူးဆန်းတဲ့ သတ္တဝါတွေများစွာကို ယနေ့အချိန်အထိ အမြဲတွေ့မြင်နေရပါတယ်။ 

သတင်းအရင်းမြစ် သုတဇုန္

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။