ရွှေထူးရဲ့ပရိသတ်တွေအနေနဲ့တော့ ရွှေထူးရဲ့သီချင်းတွေကို အားပေးဖို့စောင့်မျှော်နေကြမယ်ထင်ပါတယ်။လက်တလောမှာ အဆိုတော်ရွှေထူးဟာ သူ့ရဲ့ ဒုတိယမြောက်တစ်ကိုယ်တော်အခွေထွက်ဖို့ကြိုးစားနေတယ်လို့သိရပါတယ်။'ဒုတိယအခွေပြင်ဆင်ဖြစ်နေတာကြာပါပြီ ပထမအခွေရဲ့MTV မထွက်ခင်ကတည်း က သီချင်းလေးတွေစုထားတာရှိတယ်၊ ဒါပေမယ့် ပုံမဖော်ရသေးတာ၊ အခု ကျွန်တော့်ဆီမှာ တီးလုံးတွေရောက်နေပြီ၊ ကျွန်တော် Vocal ထည့်ဖို့ပဲကျန်တော့တယ်၊ နောက်ထပ် ၂ ပုဒ်လောက် အသစ်ထပ်ရေးရဦးမယ်” လို့ သူကဆိုပါတယ်။ရွှေထူးရဲ့အခွေအတွက် သီချင်းတွေကိုတော့ ကိုရဲသူ၊ ကိုဝေကြီးနဲ့ ရွှေထူးကိုယ်တိုင် ပါဝင်ရေးသားထားပြီး 3 ကာရိုက်တာအဖွဲမှ ဒိုးပတ်ကလည်း ရေးသားပေးမယ်လို့ ဆိုပါတယ်။ 

''သီချင်းကတော့ လောလောဆယ်မှာ စုထားတာ ၁၂ ပုဒ်၊ ၁၃ ပုဒ်လောက်ရှိတယ်၊ ဒါပေမယ့် အဲဒါတွေ အကုန်လုံးပါဖို့ မရှိလောက် ပါဘူး၊ အဲ့ဒီသီချင်းတွေထဲကမှ အစ်ကို ကြိုက်တာလေးတွေကို ပြန်ရွေးဖြစ်မှာပါ၊ အပုဒ်ရေတော့နည်းမယ်၊ ဒါပေမယ့် ကျွန်တော့ ်စိတ်တိုင်းကျလေးတွေ ပါလာမယ်ထင်ပါတယ်ဗျ၊ ပထမအခွေမှာလိုပဲ POP လေးတွေပါမယ်၊ ကျွန်တော်ဆိုနေကြ ရိုးရိုးတန်းတန်း ပုံလေးတွေပါမယ်၊ R&B အထာလေးတွေနဲ့ ထရက်(ပ်)လေးတွေလည်းပါမှာပါ' လို့ ရွှေထူးကပြောပါတယ်။ 

အဆိုတော်ရွှေထူးက သူ့ရဲ့ ပထမဆုံးတစ်ကိုယ်တော် တေးစီးရီး ‘စိတ်ကူးယဉ်စာအုပ်’ ကို ၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး ပရိသတ် အားပေးမှု ရရှိခဲ့ပါတယ်။ အခု ပြင်ဆင်နေတဲ့ ဒုတိယမြောက် တစ်ကိုယ်တော်အခွေကို ၂၀၁၇ ခုနှစ် နိုဝင်ဘာ၊ ဒီဇင်ဘာ လောက် မှာ ထွက်ရှိနိုင်အောင် ကြိုးစားနေတယ်လို့ ရွှေထူးက ဆိုပါတယ်။

သတင်းအရင်းမြစ် Shwe Htoo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။