အောင်သူကိုယှဉ်ဖို့ဆာဖာဝီရာဆစ်ကိုပွဲထုတ်လာမယ့်မလေးရှား

ဒီနေ့ညနေ7 :15အချိန်မှာ ဆီးဂိမ်းအုပ်စု(က)ရဲ့အကောင်းဆုံး

အသင်းလို့ပြောလို့တဲ့မြန်မာအသင်းနဲ့အိမ်ရှင်မလေးရှားတို့

ရှာအလမ်ကွင်းကြီးထဲမှာယှဉ်ပြိုင်ကြတော့မှာပါ။ဆီးဂိမ်းပြိုင်ပွဲ

မတိုင်မီကလည်းဒီကွင်းမှာ သူတို့ယှဉ်ပြိုင်ခဲ့ကြပြီး

နောက်တန်းအားနည်းချက်တွေနဲ့အတူ

မြန်မာအသင်းဟာမလေးရှားကိုနှစ်ဂိုးဂိုးမရှိနဲ့ရှုံးနိမ့်ခဲ့ဖူးပါတယ်။

အခုတစ်ခါရောဘယ်သူနိုင်မှာလဲ။

ဒီပွဲအတွက် နှစ်ဖက်အသင်းနည်းပြတွေဖြစ်တဲ့

အွန်ကင်ဆွီးနဲ့မစ္စတာဂတ်တို့ အကောင်းဆုံး

ပြင်ဆင်မှုတွေပြုလုပ်လာမှာဖြစ်သလိုမလေးရှားအသင်းဘက်

မှအွန်ကင်ဆွီးဟာလည်းအုပ်စုဗိုလ်ရယူချင်နေတဲ့အတွက်

မြန်မာကိုအနိုင်ကစားဖို့အကောင်းဆုံးပြင်ဆင်နေခဲ့ပါတယ်။

မြန်မာနည်းပြကြီးဂတ်ဟာဆီမီးဖိုင်နယ်ကို

တက်ရောက်ပြီးဖြစ်ပေမယ့်ဒီပွဲကိုတော့အကောင်းဆုံး

လူစာရင်းနဲ့ကစားမယ်လို့ပြောထားသလိုအွန်ကင်ဆွီးအနေနဲ့လည်း

အိမ်ရှင်ပရိသတ်တွေရှေ့မှာမြန်မာအသင်းကိုအနိုင်ရဖို့လိုအပ်နေလို့ဖိအားတွေရှိနေပါတယ်။

အောင်သူဟာမြန်မာအသင်းရဲ့အတောက်ပဆုံးကစား

သမားပါ။မလေးနည်းပြအွန်ကင်ဆွီးဟာအောင်သူ

တစ်ယောက်ထဲကိုတော့အဓိကထားထိန်းချုပ်မှာမဟုတ်ဘူး

လို့ပြောခဲ့ပေမယ့်သူ့အသင်းရဲ့နောက်တန်းအစွန်လူတွေကို

သိပ်တက်မကစားဖို့သတိပေးထားပါတယ်။မလေးဘယ်ညာနောက်ခံလူတွေဟာ

တိုက်စစ်ကိုအရမ်းလိုက်ပါတတ်တဲ့ကစားသမားတွေဖြစ်လို့

သုံးပွဲကစားပြီးလေးဂိုးသွင်းထားတဲ့အောင်သူနဲ့တွေ့ခဲ့ရင်

အတက်မှားပြီးခံစားသွားရမှာပါ။နောက်ပြီးအောင်သူနဲ့

လယ်ဗယ်တူတယ်လို့သူယူဆထားတဲ့

ကွင်းလယ်တိုက်စစ်သမားဆာဖာဝီရာဆစ်ကိုလည်းမြန်မာနဲ့ပွဲမှာ

ခြေစွမ်းပြဖို့တိုက်တွန်းနေပါတယ်။ဆာဖာဝီဟာဘရူနိုင်းနဲ့ပွဲမှာတစ်ဂိုးသာသွင်းယူ

ပေးထားပေမယ့်မလေးရှားသွင်းယူခဲ့လေးဂိုးစလုံး

သူနဲ့ပါတ်သက်နေတာဖြစ်ပါတယ်။အောင်သူနဲ့ဆာဖာဝီ

ဘယ်သူပိုပြီးခြေစွမ်းပြနိုင်မလဲဆိုတာတော့...

agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။