ဘာစီလိုနာအသင်းဟာ လာလီဂါပွဲစဉ်မှာ ပြိုင်ဘက် ရီးရဲလ်မက်ဒရစ်အသင်းနဲ့ အတူ နိုင်ပွဲကိုယ်စီရယူနိုင်ခဲ့ကြပါတယ်။ဘာစီလိုနာအသင်းဟာ အိမ်ကွင်း နူးကမ့်မှာ  ဘက်တစ်အသင်းကိုလက်ခံကစားခဲ့ပြီး ၂ ဂိုး ၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။တိုက်စစ်မှူး ဆွာရက်မပါဝင်နိုင်ခဲ့ပေမဲ့ လိုအပ်နေတဲ့ အနိုင်ရလဒ်ကို တော့ ရရှိအောင်စွမ်းဆောင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဘက်တစ်အသင်းဟာ ပထမပိုင်းသွင်းဂိုးတွေကို ခွင့်ပြုခဲ့ရပေမဲ့ ဒုတိယပိုင်းမှာတော့ အကောင်းဆုံး ထိန်းကစားသွားနိုင်ခဲ့ပါတယ်

ဘာစီလိုနာအသင်းဟာ တိုက်စစ်မှူး ဆွာရက်မပါဝင်နိုင်ခဲ့တာကြောင့်  အယ်ကာဆာ ကို ထည့်သွင်းကစားခဲ့ပြီး အသင်းကနေထွက်ခွာသွားခဲ့ပြီ ဖြစ်တဲ့ နေမာ နေရာမှာတော့ ဒယ်လူဖူ က ဝင်ရောက်ကစားခဲ့တာလည်းဖြစ်ပါတယ်။မက်ဆီ၊ရော်ဘတ်တို ၊ ဘတ်စကွက် ၊ရာကီတစ် တို့ကို လူစုံထည့်ကစားခဲ့ပြီး ဘက်တစ်အသင်းကို ရင်ဆိုင်ကစားခဲ့တာပဲဖြစ်ပါတယ်။ပထမပိုင်း ၃၅ မိနစ်မှာပဲ မက်ဆီက အဖွင့်ဂိုးကို သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်

၃၈ မိနစ်မှာတော့ ဆာဂျီယို ရော်ဘတ်တိုက ဒုတိယဂိုးကို ကန်သွင်းယူခဲ့တာလည်းဖြစ်ပါတယ်။ဘာစီလိုနာမြို့ အကြမ်းဖက်ခံခဲ့ရတာကြောင့် ဒီနေ့ပွဲမှာ ဘာစီလိုနာတစ်သင်းလုံးဟာ အကျီမှာ နာမည်အစား ဘာစီလိုနာဆိုပြီး ရေးထိုးခဲ့ပြီး ဝတ်ဆင်ကစားခဲ့တာလည်းဖြစ်ပါတယ်။ဘာစီလိုနာအသင်းဟာသြဂုတ်လ ၂၆ ရက်နေ့မှာ အလာဗတ်အသင်းနဲ့ အဝေးကွင်းမှာ သွားရောက် ကစားရမှာလည်းဖြစ်ပါတယ်။

Source - Barcelona

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။