စီးရီးအေ ပွဲတွေစတင်နေပြီဖြစ်တာကြောင့် အီတလီကလပ် အသင်းကြီးအများစုဟာ နိုင်ပွဲကိုယ်စီ ရယူနိုင်ခဲ့ကြပါတယ်။ဒီနှစ်ရာသီမှာ စောင့်ကြည့်ခြင်းခံနေရတဲ့ မီလန်နှစ်သင်းလုံးဟာလည်း ရလဒ်ကောင်းတွေရယူနိုင်ခဲ့ကြပါတယ်။ အေစီမီလန်အသင်းဟာ အဝေးကွင်းမှာ ခရိုတုန်း နဲ့ သွားရောက် ယှဉ်ပြိုင်ကစားခဲ့ပြီး ၃ ဂိုး ၀ ဂိုး နဲ့ အနိုင်ရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။အင်တာမီလန်အသင်းဟာလည်း အိမ်ကွင်းမှာ ဖီအိုရင်းတီးနားအသင်းကို ၃ ဂိုး ၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

အေစီမီလန်အသင်းအတွက် ဂိုးတွေကိုတော့ ပွဲစလို့ ၆မိနစ်မှာပဲ ပယ်နယ်တီက တဆင့် ကက်ဆီရီက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။၁၈ မိနစ်မှာတော့ ဆူဆိုဖန်တီးပေးလိုက်တဲ့ဘောလုံးကို ကူထရိုနီက ပိတ်သွင်းယူခဲ့တာလည်းဖြစ်ပါတယ်။နောက်ဆုံးဂိုးကို တော့ ဆူဆို ၂၃ မိနစ်မှာ ကန်သွင်းယူခဲ့တာပဲဖြစ်ပါတယ်။အေစီမီလန်အသင်းရဲ့ အဖွင့်ပွဲကတော့ ရလဒ်ကောင်းနဲ့ တာထွက်ခဲ့တာလည်းဖြစ်ပါတယ်။

အင်တာမီလန်အသင်းအတွက်ဂိုးတွေကိုတော့ ပွဲစလို့ ၆ မိနစ်မှာပဲ အီကာဒီကသူ့ကြောင့်ရလာတဲ့ ပယ်နယ်တီကို ကိုယ်တိုင်ကန်သွင်းယူခဲ့ပြီး အဖွင့်ဂိုးသွင်းယူခဲ့တာလည်းဖြစ်ပါတယ်။၁၅ မိနစ် မှာတော့ ပါရီဆစ်တောင်ပံကဖြတ်တင်ပေးလိုက်တဲ့ဘောလုံးကို အီကာဒီကပဲ ခေါင်းတိုက်အဆုံးသတ်ခဲ့တာပဲဖြစ်ပါတယ်။၇၉ မိနစ်မှာတော့ မာရီယိုရဲ့ ဖြတ်တင်ပေးမှုကနေပြီးတော့ ပါရီဆစ်က သုံးဂိုးမြောက်ဂိုးအဖြစ် အနီးကပ် ခေါင်းတိုက်သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။စီးရီးအေ အသင်းကြီးတွေဖြစ်တဲ့ ဂျူဗင်တပ် ၊ နာပိုလီ ၊ရိုးမား ၊အေစီမီလန် ၊အင်တာမီလန်အသင်းဟာ အဖွင့်ပွဲမှာနိုင်ပွဲကိုယ်စီရယူနိုင်ခဲ့ကြတာလည်းဖြစ်ပါတယ်။

Source - Ac milan & Inter milan

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။