ပရိသတ်ကြီးရေ မိခင်လောင်းတစ်ယောက်ဖြစ်တဲ့ မင်းသမီးချောလေးမိုးယုစံဟာ သူမရဲ ့ကိုယ်ဝန်ဆောင်စဉ်ပုံရိပ်လေးတွေနဲ ့ကလေးနဲ ့ပတ်သက်တဲ့ဗဟုသုတလေးတွေကို ပရိသတ်တွေကို မကြာခဏဆိုသလို မျှဝေလေ့ရှိသူဖြစ်ပါတယ်။

သရုပ်ဆောင်အလုပ်တွေကို ရပ်နားထားပေမယ့် ကိုယ်ဝန်ဆောင်စဉ်ကာလအတွ

င်းမှာတော့ ကြော်ငြာများကို ရိုက်ကူးဖြစ်တာကို တွေ ့ရပါတယ်။

ပရိသတ်ချစ်ခင်အားပေးကြတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့မိုးယုဟာ ခင်ပွန်းဖြစ်သူ 

ကိုစွမ်းသူနဲ ့သာယာတဲ့အိမ်ထောင်ရေးကိုတည်ဆောက်ထားပါတယ်။

မိုးယုဟာ သားဦးလေးကို လွယ်ထားရတာဖြစ်ပြီး Due Date ဟာ သြဂုတ်လထဲမှာပါလို ့ပြောပြထားပါတယ်။ ဒါကြောင့် မကြာခင်မှာ မွေးဖွားတော့မှာဖြစ်တဲ့ မိုးယုက

သားသားလေးကို တွေ ့ရတော့မယ့် အကြောင်းကို ချစ်ပရိသတ်တွေကို အခုလိုပဲ အသိပေးလာပါတယ်။

“ဒီနေ့က ဆရာမနဲ့ ဗိုက်ဗိုက် လေးကို ပြပြီး မကြာမီbaby လေးကို တွေ့ရတော့မယ်” လို ့သြဂုတ်လ ၂၁ ရက်နေ ့ဒီနေ ့မှာ ပြောခဲ့ပါတယ်။

မိဘဘဝကိုမကြာခင်ရောက်ရှိတော့မှာမို ့ရင်ခုန်စိတ်လှုပ်

ရှားနေကြတဲ့မိုးယုတို ့အတွက် ပရိသတ်ကြီးက ဆုမွန်ကောင်းစကားလေးတွေပြောသွားပါဦးနော်။

သတင်းအရင်းမြစ် Moe Yu San

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။