ပရိသတ်တွေတော့ အတော်လေးစိတ်ပူနေပါပြီ။

အနုပညာသက်တမ်းဆယ်နှစ်ကျော်နေပြီဖြစ်တဲ့ ရုပ်ရှင်နဲဗွီဒီယို ဇာတ်ပို့သရုပ်ဆောင် ညောင်ညောင် ဟာသဇာတ်ရုပ်မှာ အရိုက်များပြီး ကိုချစ်ခင်အားပေးတဲ့ပရိသတ်တွေအခိုင်အမာရရှိထားသူပါ။

ဟာသသရုပ်ဆောင် ညောင်ညောင် ဟာ ဆိုကြပျော်ကြမယ်အစီအစဉ်တွေမှာလည်း တင်ဆက်သူအဖြစ်ပါ ပါ၀င်ခဲ့ဖူးပြီး ဇာတ်ကားတိုင်းမှာ မင်းသားမင်းသမီးတွေနဲ့အတူ သူ့ရဲ့ဇာတ်ရုပ်အတွက် သဘာဝကျကျ သရုပ်ဆောင်နိုင်သူဖြစ်ပါတယ်။

လက်တလောမှာတော့သရုပ်ဆောင် ညောင်ညောင်က သြဂုတ် ၂၀ရက်နေ့ညက CBဘဏ်​ပွဲမှာ စင်​​ပေါ်ကအဆင်​း​ ချော်​လဲကာ တံခါး​ဘောင်​နဲ့တိုက်​မိပြီး ဘယ်​ဘက်လက်​ ဒဏ်ရာရသွားတဲ့အတွက် ပါရမီဆေးရုံကို တင်လိုက်ရတယ်လို့ သိရပါတယ်။

ပါ​ရမီ​ဆေးရုံ​မှာ ည၁၀နာခွဲမှ မနက်​၃နာရီထိ ခွဲစိပ်ကုသပြီး အ​ကြောများပြန်​ဆက်​ခဲ့ရတယ်လို့ သိရပါတယ်။

ဒဏ်​ရာအားလုံးပေါင်း အချက်​​လေးဆယ်​​ကျော်​ချုပ်​ခဲ့ ရပြီး အခုလက်ရှိမှာတော့ icu ထဲမှာ ဆေးကုသမှု ခံယူလျက်ရှိတယ်လို့ Popular မဂ္ဂဇင်းမှာ ဖော်ပြထားပါတယ်။

ပရိသတ်တွေလည်း အမြန်ဆုံးသက်သာအောင် ဆုတောင်းပေးလိုက်ပါဦးနော်။. 

သတင်းအရင်းမြစ် Popular

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။