The Battleship Island ဇာတ်ကားဟာ စစ်ပွဲနောက်ခံရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ တစ်ခေတ်တစ်ခါက ကိုရီးယားနိုင်ငံကို ဂျပန်တွေ ကိုလိုနီကျွန်ပြုထားတဲ့အချိန် ဟာရှီမားကျွန်းလို့ခေါ်တဲ့ ကမ်းဝေးကျွန်းတစ်ခုပေါ်မှာ ကိုရီးယားနိုင်ငံသား ၄၀၀ လောက်ကို အတင်းအကြပ် အလုပ်သမားအဖြစ် အလုပ်လုပ်ဖို့ တာဝန်ပေးခံရတဲ့ သမိုင်းဖြစ်ရပ်အပေါ် အခြေခံထားတဲ့ ရုပ်ရှင်ဇာတ်ကား ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားထဲမှာ တစ်ခေတ်တစ်ခါတုန်းက ကိုရီးယားလူမျိုးပြည်သူများရဲ့ ရက်စက်ပြီး ခက်ထန်ကြမ်းတမ်းတဲ့ အခြေအနေတွေကို အထင်းသားမြင်ရမှာ ဖြစ်ပါတယ်။ 

ဇာတ်ကားတစ်ခုလုံးစစ်ပွဲရဲ့ အနိဌာရုံတွေ၊ အနှောက်အယှက်အတိုက်အခိုက်တွေစုပုံနေတဲ့ ကျွန်းပေါ်မှာ အတင်းအကျပ်ခိုင်းစေခံရတဲ့ ကိုရီးယားလုပ်သားတွေ သည်းမခံနိုင်လောက်တဲ့ အခြေအနေ ဖြစ်ရပ်တွေနဲ့ ဂျပန်ကိုလိုနီခေတ်အတွင်း ခက်ထန်ကြမ်းတမ်းတဲ့ စစ်ပွဲသမိုင်းဇာတ်ကား ဖြစ်ပါတယ်။ ထို့အတူ သနားကရုဏသက်ဖွယ်၊ ရဲစိတ်ရဲမာန်တတ်ကြွဖွယ်၊ ဟာသရယ်ရွှင်မြူးဖွယ် ရသအမျိုးမျိုးတို့ကို ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။ The Battleship Island ရုပ်ရှင်ဇာတ်ကားဟာ ပရိသတ်စိတ်ဝင်စားမှု၊ ကြည့်ရှုသူတော်တော်လေးများခဲ့ပါတယ်။ ရုပ်ရှင်မဖြန့်ချီမီမှာပဲ တောင်ကိုရီးယားနိုင်ငံတစ်နိုင်ငံတည်းမှာပဲ လက်မှတ်ပေါင်း(၆)သန်းလောက်ကို ရောင်းချခဲ့ရပါတယ်။ 

ဆောင်းဂျွန်ကီ ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားတဲ့အတွက် ပရိသတ်စိတ်ဝင်စားမှု ပိုများခဲ့ပါတယ်။ ဇာတ်ကားတွင် ဆောင်းဂျွန်ကီဟာ ကိုရီယားလွတ်မြောက်ရေးအတွက် လွတ်လပ်ရေးတိုက်ခိုက်မှုအဖွဲ့ဝင်တစ်ဦးအဖြစ် သရုပ်ဆောင်ထားပါတယ်။

ထိုရုပ်ရှင်ဇာတ်ကားကို နာမည်ကျော်”Veteran” ရုပ်ရှင်ဒါရိုက်တာဖြစ်တဲ့ ရူဆောင်းဝန်က ရိုက်ကူးထားတာဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံရဲ့နာမည်ကျော် သရုပ်ဆောင်များဖြစ်ကြတဲ့ ဆောင်းဂျွန်ကီ၊ ဟွမ်ဂျောင်မင်း၊ ကင်ဆိုအန်း၊ ဆိုဂျီဆပ် တို့ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ 

သတင်းအရင်းမြစ် The Kpop Time

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။