ဗိုလ်ချုပ်ရုပ်ရှင်ကို လူအများအပြားကစောင့်မျှော်နေခဲ့ကြတာပါ။ဇာတ်ကားရိုက်ဖို့အတွက်လည်း နှစ်များစွာ အချိန်ယူပြီးပြင်ဆင်လာခဲ့ကြတာပါ။ပြင်ဆင်ပြီးလို့ ၂၀၁၅ တွင်ပြသမယ်လို့လည်း ရုပ်ရှင်အစည်းအရုံးကပြောခဲ့ပါသေးတယ်။သို့သော် တည်းဖြည်းဖြည်းနောက်ဆုတ်လာမှုကြောင့် ပရိတ်သတ်များရဲ ဝေဖန်သံမှု များစွာထွက်ပေါ်လာပါတယ်။ထိုအစီအစဉ်ကို ဇာတ်ညွန်းချစ်ဦးညို၊ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ဇာဂနာ၊ဇော်သက်ထွေ၊ဒေါ်ရွေဇင်ထိုက်နဲ့ လူမင်းတို့က စီစဉ်ခဲ့ကြတာဖြစ်ပါတယ်။

ဆရာမောင်သာချိုကတော့ ” ကျွန်တော်က သူတို့နဲ့ခင်တော့ အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ ရုံးခန်းကို ခဏခဏသွားတယ် သူတို့က မြေနီကုန်းဆိုတော့ ကျောင်းနဲ့နီးလို့ ကျွန်တော့်ကို ဖုန်းဆက်ခေါ်တယ်” လို့ပြောပါတယ်

ထိုနောက်ထို ချုပ်အောင်ဆန်း ဇာတ်ရုပ်ကိုသရုပ်ဆောင်ရန်အတွ က်လူရွေချယ်ရာတွင်လည်း ”ဗိုလ်ချုပ်အောင်ဆန်းနေရာမှာ သရုပ်ဆောင်ဖို့ ဘယ်သူ့ကိုရွေးမလဲ၊ မြန်မာ့လက်ရွေးစင်ကစားသမားလေး ရှေ့တန်းတိုက်စစ်မှုး ကျော်ကျော်မျိုးကိုရွေးတယ်၊ နံပါတတ် ၁ အသားညိုနေတယ် မေးရိုးကားကား၊ နားသယ်ချိုင့်ချိုင့်၊ မျက်နှာပေါက်ကလည်း တော်တော်တူတယ် ကျွန်တော်သဘောကျနေတယ်” လို့လဲပြန်လည်ဖြေကြားခဲ့ပါတယ်။

ထိုဇာတ်ကာဖြစ်မြောက်ရန်အတွက် အလှူခံတာတွေလဲ များစွာလုပ်ခဲ့ကြတယ်။ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားထိပ်တန်းကလူများစွာထံမှ အလှူခံခဲ့ပါတယ်။

ထိုနောက်ကျော်ကျော်မျိုးကိုနေဖို့အတွက် တိုက်ခန်းဌားပေးပါတယ်။ထိုနောက်ရိုက်ခါနီး တိုက်ခန်းကိုသွားကြည့်တော့ မင်းသားဟာလုံးဝပုံစံပြောင်းနေခဲ့ပါတယ်။မင်းသားကိုကြည့်ပြီးအားလုံးစိတ်ပျက်သွားတယ် ဇာတ်ကားလဲမရိုက်တော့ဘူးလို့ပြောလိုက်ပါတယ်။

‘ရန်ကုန်မြို့တိုက်ခန်းထဲမှာ ထားတာ အစကတော့ ဗိုလ်ချုပ်နဲ့တူပေမယ့် ခုတော့ စိတ်ပျက်သွားတယ်၊ ရိုက်လို့မရတော့ဘူး။ ပြောင်းလဲသွားပြီ မျက်နှာကြီးတွေ ဖွေးစွပ်ပြီးတော့၊ ဗိုက်ကြီးကပူပြီး၊ ဖင်ကြီးက ကောက်ထွက်နေတာ၊ ကုတ်ပိုးကြီးတွေတက်ပြီး တင်ပါးဆုံကြီးကထွက်နေတာ၊ ဆရာချစ်ဦးညို တစ်ခွန်းတည်းပြောလိုက်တာ ဟိုကောင် ငိုင်ကျသွားတယ် ”မင်းရိုက်လို့မရတော့ဘူး ဟေ့ကောင်” တဲ့’ လို့ဆရာမောင်သာချိုက တဆင့်ပြန်ပြောပြပါတယ်။

လူတော်တော်များများကတော့ ကြာနေပြီအခုထိမထွက်သေးဘူးလား လို့လည်းဝေဖန်ကြပါတယ်။

အခုလက်ရှိမှာတော့ ပြန်လည်ပြင်ဆင်မှုတွေလုပ်နေပါပြီ။၂၀၁၉ ဒီဇင်ဘာ (၃၁) ရက်နောက်ဆုံးထားပြီးဗိုလ်ချုပ်ရုပ်ရှင် ပြသမယ်လို့လည်း ဇာဂနာကလဲအတိအလင်း သတင်းစာမှတစ်ဆင့်ပြောထားပါတယ်။ရှပ်ရှင်အစည်းအရုံး ဥက္ကဌလူမင်းကလဲ ၂၀၁၈ ခုနှစ် မှာစတင်ရိုက်ကူးမှာဖြစ်ကြောင်းပြောလာပါတယ်။ 

သတင်းအရင်းမြစ် taw thu news

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။