လက်တလောမှာ သရုပ်ဆောင်ခိုင်နှင်းဝေကလည်း ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးဖြစ်နေတာကိုတွေ့နေရပါတယ်။ပရဟိတအလုပ်ငန်းတွေမှာ လည်းသူမကို အဆက်မပြတ်တွေ့မြင်နေရပါတယ်။ယခုအခါတွင်လည်း ပရဟိတလုပ်ငန်းများအပြင် သက်ငယ်မုဒိမ်း ကျူးလွန်ခြင်းခံရသော ကလေးသူငယ်များအတွက် တရားရင်ဆိုင်နိုင် ရန်နှင့် အမှန်တရားပေါ်ပေါက်စေရန်အတွက် သက်ဆိုင်ရာအမျိုးသမီး အဖွဲ့များနှင့်ပူးပေါင်းကာကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ရန်ကုန်၊ သြဂုတ် ၁၉-မိဘမဲ့ကလေးများ၊ လမ်းပေါ်ရောက်ကလေးသူ ငယ်များနှင့်သက်ငယ်မုဒိမ်းဖြစ်ပွားနိုင်မှုပုံစံများကိုအဓိကထားရိုက်ကူးထားသည့် 'ပန်းရိုင်းမျက်ရည်' ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ် ဆောင်ထားတယ်လို့သိရပါတယ်။နောက်ပြီးယခုနှစ်အတွင်း ရုံတင်ပြသနိုင်ရန်လည်းစီစဉ်နေကြောင်း သရုပ်ဆောင်ခိုင်နှင်းဝေကပြောပါတယ်။အဆိုပါ 'ပန်းရိုင်းမျက်ရည်' ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ မျိုးထူးက ရိုက်ကူးပုံဖော်ထားခြင်းဖြစ်ပြီး သရုပ်ဆောင်ကျော်ရဲအောင်၊ နေဒွေး၊ နေနော်၊ မိုးယံဇွန်၊ ခိုင်နှင်းဝေနှင့် ဟာသလူရွှင်တော်များစွာ ပါဝင်တယ်လို့သိရပါတယ်။ 

''မိဘမဲ့ကလေးတွေ၊ လမ်းပေါ်ရောက်ကလေးတွေရဲ့စိတ်အနေအ ထားတွေ၊ သူတို့လေးတွေကိုဘယ်လိုမျိုးကူညီပေးရမလဲ။ နောက် သက် ငယ်မုဒိမ်းဖြစ်ပွားတတ်တဲ့ပုံစံတွေကို နယ်ဘက်တွေကလည်း ဗဟုသုတ ရအောင်၊ ကလေးတွေအတွက်လည်းရည်ရွယ်ပြီး တော့ ရိုက်ထားတဲ့ ဇာတ်ကားလေးပါ''ဟု သရုပ်ဆောင် ခိုင်နှင်းဝေကပြောသည်။'ပန်းရိုင်းမျက်ရည်'ရုပ်ရှင်ဇာတ်ကား ကြီးသည် ကြည့်ရှုသူ ပရိသတ်များအတွက် ဗဟုသုတရရှိရန်နှင့် သက်ငယ် မုဒိမ်းဖြစ်ပွားမှုအခြေအနေများ လျော့ပါး စေရန်ရည်ရွယ်ကာ ပညာပေးအနေဖြင့် ရိုက်ကူးထားသော ရုပ်ရှင်ဇာတ်ကားတစ်ကား ဖြစ်သည်။ပန်းရိုင်းမျက်ရည်ရုပ်ရှင်ဇာတ်ကားကြီးတွင် ပါဝင်ထားသော ကာရိုက်တာနှင့်ပတ်သက်၍''အဲဒီဇာတ် ကားထဲမှာ အစ်မရဲ့ကာရိုက်တာက မိဒေါင်းညိုဆိုတဲ့ အသက်ငယ်ငယ်လေးနဲ့သက်ငယ်မုဒိမ်းမှုပုံစံမျိုးပေါ့။ အမှန်တော့ ကိုယ့်ကိုမွေးစားထားတဲ့ အဖေရဲ့စော်ကားမှုကို ခံရပြီးတော့ အဖေ့ကို ပြန် သတ်လိုက်တဲ့အတွက် ထောင်ကျသွားတယ်။ ကလေးတွေကိုအရမ်းချစ် တတ်တဲ့ရွာက အမျိုးသမီးတစ်ယောက်ပုံစံ ကနေပြီးတော့ ပါဝင်ထားပါ တယ်''ဟု သရုပ်ဆောင် ခိုင်နှင်းဝေကပြောသည်။

သတင်းအရင်းမြစ် democary today

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။