ကျောက်ကပ်ဆိုတာ ခန္ဓာကိုယ်ရဲ့သွေးကနေ စွန့်ပစ်ပစ္စည်းများကို ဖယ်ရှားပေးပြီး ဆီးအဖြစ်စွန့်ထုတ်ပေးတာပါ။ ကျောက်ကပ်ဟာ အရေးကြီးတဲ့ ခန္ဓာကိုယ်တွင်း အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ကျောက်ကပ်ပျက်စီးလျှင်နောက်ဆက်တွဲရောဂါများဖြစ်တဲ့ သွေးတိုးရောဂါ၊ နှလုံးပျက်စီးခြင်းနှင့် နာတာရှည်ဆီးပိုးဝင်ခြင်း တို့ ဖြစ်တတ်ပါတယ်။

ထို့ကြောင့် နာတာရှည်ကျောက်ကပ်ရောဂါရှိသူများအတွက် ဆောင်ရန်၊ ရှောင်ရန် အချက်များကို တင်ပြလိုက်ပါတယ်။ 

နာတာရှည်ကျောက်ကပ်ရောဂါအတွက် ဆောင်ရန်

၁။ အစားအစာများကိုစားသုံးရာတွင် ကျောက်ကပ်ပျက်စီးမှု အခြေအနေပေါ်မူတည်ပြီး မိမိပြသနေသော ဆရာဝန်နှင့် တိုင်ပင်ပြီးမှ ဆရာဝန်၏ညွှန်းကြားချက်အတိုင်းသာ စားသုံးပါ။

၂။ သန့်ရှင်းလတ်ဆက်သော ကျိုချက်ပြီး နွားနို့၊ ဟောလစ်၊ အိုဗာတင်း သောက်နိုင်ပါတယ်။

၃။ ရေကို လိုအပ်သည့်ပမာဏအတိုင်းသာ ဆရာဝန်နှင့်တိုင်ပင်ပြီး သောက်ပါ။

၄။ ဆီးချိုသွေးချိုရောဂါ နှင့် သွေးတိုးရောဂါမဖြစ်အောင် နေထိုင်စားသောက်ပါ။

၅။ နံနက်ခင်းနေရောင်ခြည်တွင် နေ့စဉ်(၁၅)မိနစ်ခန့် လမ်းလျှောက်ပါ။

၆။ ကျောက်ကပ်သို့သွေးလည်ပတ်မှုကောင်းအောင် နေ့စဉ်ပုံမှန်အနားယူပါ။

နာတာရှည်ကျောက်ကပ်ရောဂါအတွက် ရှောင်ရန်

၁။ တညင်းသီးစားသုံးခြင်းကို လုံး၀ ရှောင်ပါ။

၂။ အငန်ဓာတ်များသော အစားအစာများ စားသုံးခြင်းကို ရှောင်ပါ။

၃။ အချိုမှုန့်စားသုံးခြင်းကို ရှောင်ပါ။

၄။ ဆိုဒါ ပါဝင်သည့် အချိုရည်မျိုးစုံကို လုံးဝမသောက်ပါနဲ့။ ဆိုဒါနှင့် ပြုလုပ်ထားစေသောအစားအစာများကိုလည်း လျော့စားပါ။

၅။ ဆီကြော်များကို အတတ်နိုင်ဆုံးလျော့စားပါ။

၆။ တူးအောင်ကင်ထားသော အသားကင်အမျိုးမျိုး စားသုံးခြင်းကို ရှောင်ပါ။

၇။ ဓာတုဆိုးဆေးပါသော အစားအစာများ(ဥပမာ-မက်မန်းသီး၊ မျှစ်၊ အချဉ်ပေါင်း) စားသုံးခြင်းကိုရှောင်ပါ။

၈။ အနီရောင်ရှိသောအသားများ၊ ဝမ်းတွင်းအူကလီစာများ စားသုံးခြင်းကို ရှောင်ပါ။

၉။ ငရုပ်သီးများများပါသော ပူစပ်သောအစားအစာ စားသုံးခြင်းကိုရှောင်ပါ။

၁၀။ မှိုတတ်နေသောအစားအစာများ( ဥပမာ- လက်ဖက်၊ ပေါင်မုန့်၊ ငါးခြောက်၊ ပုဇွန်ခြောက်၊ ငရုပ်သီမှုန့်၊ မြေပဲ)

၁၁။ အကိုက်အခဲပျောက်ဆေး( ဥပမာ- ပါရာစီတမော၊ အက်စပရင်) သောက်ခြင်းကိုလည်းရှောင်ပါ။

၁၂။ အရက်၊ ဘီယာ သောက်သုံးခြင်းနှင့် ကွမ်းစားခြင်းကို ရှောင်ပါ။ 

သတင်းအရင်းမြစ် ကျန်းမာရေးအတွက်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။