ဆီးချိုရောဂါရှိသူများ ကောင်းစွာနေထိုင်နိုင်ရေး သွေးထဲရှိ သကြားပမာဏကို ထိန်းညှိခြင်းသည် အဓိကကျပြီး ဆီးချိုရောဂါကြောင့် ဖြစ်လာနိုင်သော ကျန်းမာရေးပြဿနာများအနက် အချို့ကို ရှောင် ရှားနိုင်မည်ဖြစ်သည်။ယင်းကြောင့် ဆီးချိုရောဂါရှိသူများသည် ကျန်းမာရေးနှင့်အ ညီ စားသောက်ရန် အရေးကြီးသည်။ဆီးချိုရောဂါရှိသူများသည် ကိုယ်လက်လှုပ်ရှားမှု၊ အရပ်အမြင့်၊ ကျား/မ ကွဲပြားမှုတို့အပေါ် မူတည်ပြီး တစ်နေ့တာ စားသုံးရန် လိုအပ်သော ကယ်လိုရီပမာဏ အပြောင်းအလဲရှိသည်။ 

ကိုယ်အလေးချိန်ပိုများနေပါက အင်ဆူလင်ကို ခန္ဓာကိုယ်ကအသုံးပြုနိုင်စွမ်းအပေါ် ဖိအားပိုစေပြီး သွေးထဲရှိ သကြားပမာဏကို ထိန်းညှိရန် အခက်ကြုံနိုင်သည်။ အမျိုးအစား-၂ ဆီးချိုရောဂါ သည် ၉၀ ရာခိုင်နှုန်းခန့်သည် ကိုယ်အလေးချိန်ပိုများနေသူများဖြစ်သည်။ဆီးချိုရောဂါသည်များအနေဖြင့် ကာဗိုဟိုက်ဒရိတ်၊ ပရိုတိန်း နှင့် အဆီဓာတ်တို့ကို ဟန်ချက်ညီအောင်စားရန်နှင့် စားသောက်မှုပမာဏကို အတိအကျတိုင်းတာရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရန် အရေးကြီးသည်။

သွေးထဲရှိ သကြားဓာတ်ပမာဏကို နေ့စဉ်စောင့်ကြည့်ရန်လိုပြီး ကိုယ်အလေးချိန်ပုံမှန်ချိန်သင့်သည်။သံလွင်ဆီ၊ ထောပတ်သီး အဆီတို့ကဲ့သို့ အဆီများနှင့် နှမ်းဆီ တို့ကို ငါး (သို့မဟုတ်) ဟင်းသီးဟင်းရွက်ကဲ့သို့သော အစားအစာ များနှင့် တွဲဖက်စားသင့်သည်။ထို့အပြင် သွေးထဲရှိ သကြားဓာတ်ပမာဏကို မြင့်တက်စေနိုင် သော အစားအစာများကို ရှောင်ရှားသင့်ပြီး အမျှင်ဓာတ်ပါဝင်မှု မြင့်မားသော အစားအစာများ စားသုံးသင့်သည်။ ကန်စွန်းဥ၊ ဂျုံစေ့၊ ပဲတီစိမ်း၊ ပြောင်း စသော အစားအစာများကဲ့သို့ အမျှင်ဓာတ်နှင့် ကာဗိုဟိုက်ဒရိတ်ပါဝင်သော အစားအစာများ စားသင့်သည်။ ပုံမှန် စားသောက်သော အစားအစာတွင် အမျှင်ဓာတ်ပါဝင်ရန် အရေးကြီး ပြီး သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ၊ ပဲအမျိုးမျိုးတို့ စားပေးခြင်း ဖြင့် ကာဗိုဟိုက်ဒရိတ် ချေဖျက်မှုကို နှေးကွေးစေနိုင်ပြီး နှလုံးရောဂါနှင့် ကင်ဆာရောဂါတို့ကဲ့သို့ ကြီးမားသော ကျန်းမာရေးပြဿနာများဖြစ်နိုင်သည့်အန္တရာယ် လျော့နည်းစေမည်ဖြစ်သည်။

သတင်းအရင်းမြစ် MNT

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။