3-4-3 ကစားမယ့်မလေးကျားတွေနဲ့ရင်ဆိုင်ယှဉ်ပြိုင်ကြမယ့်မြန်မာမုဆိုးကျော်များ

မြန်မာပရိသတ်တွေရဲ့သူူရဲကောင်းတွေဖြစ်တဲ့အောင်သူတို့

အဖွဲ့ဟာဆီးဂိမ်းအိမ်ရှင်မလေးရှားနဲ့ဒီနေ့ညနေမှာ

ရှာအလမ်ကွင်းကြီးထဲမှာရင်ဆိုင်ကြရမှာပါ။

သူ့မြေသူ့ကွင်းဆိုပေမယ့်လည်းမလေးရောက်

မြန်မာပရိသတ်တွေရဲ့အားပေးမှုကလည်း

သောင်းသောင်းဖျဖျ ပါပဲ။ဒီပွဲဟာ

မြန်မာအတွက်အရေးမကြီးပေမယ့်

မလေးရှားအတွက်တော့အရေးကြီးပါတယ်။

ဘာလို့လဲဆိုတော့မလေးရှားနောက်မှာကပ်လိုက်နေတဲ့

စင်ကာပူမှာလည်းအုပ်စုတက်ရေးမျှော်လင့်ချက်ရေးရေးလေးရှိနေသေးလို့ပါပဲ။

မလေးရှားနည်းပြအွန်ကင်ဆွီးဟာ 3-4-3ကစားကွက်ကို

နှစ်သက်သူတစ်ဦးဖြစ်ပြီးမြန်မာနဲ့ပွဲမှာလည်းဒီကစားကွက်နဲ့ပဲ

ပွဲထွက်လာမှာပါ။မလေးရှားရဲ့အသက်ဟာနောက်တန်းက

ဘယ်ညာနောက်ခံလူတွေဖြစ်ပြီး မက်သရူးဒေးဗီးနဲ့အီဆာတို့ဟာအရမ်းမြန်ပါတယ်။

ဒါကြောင့်လည်းမလေးအသင်းခံစစ်ကနေ

တိုက်စစ်ကိုကူးပြောင်းရာမှာ

အလွန်မြန်နေတာပါ။သူတို့နှစ်ယောက်ဟာအလယ်တန်းက

အမီရူဟီ၊နူအဇင်၊ဆာဖဝီရာဇစ်တို့နဲ့ဘောလုံးကိုတွဲကစားလေ့ရှိပါတယ်။

မလေးရှားအသင်းကိုဖျက်ချင်ရင်တော့သူတို့တွေရဲ့ဘောလုံး

လမ်းကြောင်းတွေကိုဖျက်ဆီးရမှာဖြစ်ပါတယ်။

အဲ့ဒီအတွက်

မြန်မာဘက်ကဘယ်ညာနောက်ခံလူနှစ်ယောက်ဖြစ်တဲ့

နန်းဝေမင်းနဲ့ဟိန်းသီဟဇော်ရဲ့စွမ်းဆောင်မှုဟာဒီပွဲရဲ့

အဖြေကိုထုတ်ပေးမယ့်အဖြေတစ်ခုဖြစ်လာမှာပါ။

မြန်မာဘယ်ညာနောက်ခံလူတွေဟာအီဆာနဲ့မက်သရူးဒေးဗီး

ရှေ့တက်မလာအောင် ကွင်းလယ်က လှိုင်းဘိုဘို၊စည်သူအောင်၊မောင်မောင်လွင်တို့နဲ့တွဲပြီး

High Pressingလုပ်ထားနိုင်ရပါမယ်။

နောက်တစ်ချက်ကတော့ အောင်သူရဲ့အရေးပါမှုပါပဲ။

ဒီပွဲမှာအောင်သူကိုထည့်ဆော့ရင်တော့မြန်မာအသင်းဟာ

အားသာမှုကြီးကြီးမားမားရမှာတော့သေချာမှာပါ။

အောင်သူဟာနောက်တန်းကစားသမားတွေကြားက

နေရာလွတ်ကိုအကောင်းဆုံးအသုံးချနိုင်သူဖြစ်ပြီး

အောင်သူနဲ့တွဲဖို့ရွှေကိုထက်စာရင်နေရာလွတ်ပိုရှာနိုင်တဲ့

အောင်ကောင်းမာန်ကိုသုံးသင်ပါတယ်။မလေးရှားဟာ

ဒီပွဲကိုဖြစ်တဲ့နည်းနဲ့အနိုင်ရအောင်ကြိုးစားမှာဖြစ်ပြီး

မြန်မာမုဆိုးကျော်တွေအနေနဲ့မလေးကျားတွေကို

သူ့မြေသူ့ကွင်းသူ့ပရိသတ်တွေရှေ့မှာအနိုင်ယူ

သွားနိုင်မလားဆိုတာတော့...

photo-FAM

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။