ဂီတခရီးလမ်းကို ပုံမှန်လေးလျှောက်လှမ်းဖြစ်နေပြီး ပရိသတ်တွေများစွာ 

အားပေးကြတဲ့ အဆိုတော် အောင်ထက်ဟာ ဗီယက်နမ်နိုင်ငံမှာ ကျင်းပတဲ့

အာဆီယံသီချင်းဆိုပြိုင်ပွဲမှာ လူကြိုက်အများဆုံးဆု 

“Award from the Audience” ကို ဆွတ်ခူးခဲ့ပြီး မြန်မာ့ဂုဏ်ဆောင်နိုင်ခဲ့ပါတယ်။

အောင်ထက်ကတော့ ဒီဆုလေးဟာ သူ ့အတွက် သိပ်ကြည်နူးစရာကောင်းတဲ့ဆုလေးဖြစ်ပြီး ကိုယ့်နိုင်ငံအတွက် ဂုဏ်ယူခွင့်ရလို ့ပျော်တယ်ဗျာလို ့ပြောခဲ့ပါတယ်။

ဗီယက်နမ်နိုင်ငံ ဖနွမ်းပင်မြို ့မှာ ကျင်းပတဲ့ ASEAN+3 Song Contest ပြိုင်ပွဲ

ကြီးမှာ နီနီခင်ဇော်နဲ ့အောင်ထက်တို ့သွားရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး နီနီက မျှော်လင့်ချက်တစ်စုံတစ်ရာသီချင်းနဲ့ ဒုတိယဆုဆွတ်ခူးခဲ့ပြီး အောင်ထက်သီဆိုခဲ့တဲ့ သီချင်းလေးကတော့ အခုလိုမျိုး လူကြိုက်အများဆုံးဆုကို ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။

စန္ဒယားဦးလှထွဋ် ရဲ့ `အချစ်ဘယ်ကစ´ သီချင်းလေးကို အောင်ထက်ဘယ်လို 

အကောင်းဆုံးကြိုးစားသီဆိုခဲ့လဲဆိုတာကို ပရိသတ်ကြီးက video file လေးကို

ဖွင့်ပြီး ကြည့်ရှု ့နားဆင်နိုင်ပါတယ်နော်။ 

သတင်းအရင်းမြစ် Aung Htet

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။