အနုပညာရှင် မိခင်တစ်ဦးဖြစ်တဲ့ မေမေ ဆုပန်ထွာက ချစ်ဖို့ကောင်းတဲ့ သားသားလေးနဲ့ပတ်သက်ပြီးတော့ “အားလုံးရဲ့ချစ်ခြင်းတွေကြောင့်အေးချမ်းလှပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်” လို့ ဆိုလိုက်ပါတယ်။ဆုပန်ထွာ သားလေး Roar Roar ကို စက်တင်ဘာ (၁၅)ရက်နေ့ ဝိတိုရိယဆေးရုံမှာ နံနက် (၅း၄၅)က အောင်မြင်စွာ မွေးဖွားခဲ့တာပါ။မွေးဖွားချိန်တုန်းက Roar Roar ကတော့ ကိုးပေါင်းနဲ့ နှစ်အောင်စရှိပြီး အရပ်ကတော့ ၅၂ စင်တီမီတာရှိတယ်လို့ သိရပါတယ်။

“ “အမေနဲ့သား"

ချစ်တယ် ၊ နွေးထွေးတယ်၊ ဖြူစင်တယ်၊ ပျော်စရာကောင်းသလို ကြည်နူးစရာလည်းကောင်းတယ်၊ သူ့အပေါ်အနိုင်အရှူံးမတွက်ဘူး၊ မာန်မာနမရှိဘူး၊ သူ့ကြောင့်နာသွားလဲပြုံးနေနိုင်တယ်။ သူနာသွားရင်လဲကိုယ်ပါနာရင်းမျက်ရည်တွေအလိုလိုကျလာတတ်ပြန်ရော။ သူ့အတွက်နဲ့လူတွေကိုအောက်ကျို့ရမယ်ဆိုလည်းမညည်းမညူလုပ်ခဲ့ရဲတယ်။ Roar Roar ကောင်းဖို့ဆိုဗိုက်ထဲမှာထဲက အရာရာသတိထား သူ့အတွက်ပြောင်းလဲပေးရင်းနေနိုင်ခဲ့တယ်။ အားလုံးကမေတ္တာတွေအပြည့်နဲ့သူ့ကိုဝိုင်းချစ်တော့လဲကျေးဇူးတင်တဲ့စိတ်နဲ့ ရင်ထဲပီတိအပြည့်မျက်ရည်ဝိုင်းမိပြန်ရော။အမြဲတမ်းပြံုးနေတတ်တဲ့သား၊ သူ့ကို မေတ္တာပေးရင်းကိုယ်လုပ်တတ်သလောက်ထိန်သိမ်းစောင့်ရှောက်ရင်း အင်အားတွေ ခွန်အားတွေအပြည့်နဲ့ရှေ့ဆက်ဖို့.....” ဆိုပြီး ဆုပန်ထွာကဆိုထားပါတယ်။

အလားတူဖေဖေ ကိုဥက္ကာကျော်က လည်း “ကျွန်တော်နဲ့ဒီသားအမိ...

အသက်လောက်ချစ်ရတဲ့မိန်းမ၊ အဖေတူသားလေးမို့ နှစ်ယောက်လုံးအတွက်မလုပ်ပေးရဲတာဘာမှမရှိဘူး။ စာတွေရေးနေ ပြောနေရင်အပိုတွေလုပ်နေတယ်ထင်မယ်။ တို့မိသားစုဘဝလေးက ဘယ်လောက်အေးချမ်းပြီးပျော်စရာကောင်းလဲဆိုတာကိုယ့်တွေသာအသိဆုံးပဲ။ အရမ်းချစ်တယ်မိန်းမရေ။ ချစ်စရာကောင်းတဲ့ Roar လေးကိုမွေးပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်မဆုံးပါဘူး။” လို့ ပရိသတ်ကြီးကို ပြောပြထားလေရဲ့….

Aung

သတင်းအရင်းမြစ် ဆုပန်ထွာဖေ့စ်ဘွတ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။