သူငယ်ချင်းတွေနဲ့ အတူရှိနေတဲ့အချိန်ဟာ အိပ်မက်တစ်ခုဆိုရင် ငါ ဘယ်တော့မှ နိုးထဖို့ မကြိုးစားဘူး။ လူတိုင်းမှာ မိတ်ဆွေအပေါင်းအသင်းဆိုတာကြရှိပါတယ်။ မိတ်ဆွေအပေါင်းအသင်းဖြစ်ပြီးမှ သူငယ်ချင်းဆိုတာ ဖြစ်လာမှာပါ။ ကိုယ့်မိတ်ဆွေတွေကို တန်ဖိုးထားတတ်တဲ့ လူတွေဟာ လောကမှာ ခင်ဖို့အကောင်းဆုံးသူငယ်ချင်းတွေ ဖြစ်လာနိုင်ပါတယ်။ သူငယ်ချင်းဆိုတာ ဒုတိယမိသားစုလို့တောင် ပြောနိုင်ပါတယ်။ ချို့လူများဟာ မရည်ရွယ်ပဲ မှားတတ်တဲ့ အမှားလေးတွေကနေ မိတ်ဆွေအပေါင်းအသင်းနည်းစေတဲ့ အချက်လေးတွေပြောပြပါမယ်။  

မိတ်ဆွေအပေါင်းအသင်းနည်းစေတတ်တဲ့ အချက်(၆)ချက်

၁။ တယူသန်ပြောဆိုတတ်ခြင်း။

လူတိုင်းဟာ လွတ်လပ်စွာကွဲလွဲခွင့်ပါရှိတယ်။ ဒါပေမယ့် တယူမသန်ပါစေနဲ့။ ကိုယ့်မှာ စိတ်ကူး၊ အမြင်၊ အတွေးတွေရှိသလို အခြားလူတွေမှာလည်း သင့်နဲ့မတူတဲ့ စိတ်ကူး၊ အတွေးအမြင်တွေ ရှိတတ်ကြပါတယ်။ တခြားလူတွေရဲ့ အမြင်ကိုလည်း အလေးထားတတ်အောင် ကြိုးစားပါ။

၂။ အဆိုးမြင်တတ်ခြင်း။

လူတိုင်း မှားတတ်ကြပါတယ်။ အဆိုးမြင်စိတ်နဲ့ ပြောတဲ့လူထက် အကောင်းမြင်စိတ်ရှိသူနဲ့ စကားပြောရတာ ပိုနှစ်သက်ပါတယ်။ ဒါမယ့် အိုဗာတော့ မဖြစ်ပါစေနှင့်။

၃။ အတင်းပြောလွန်းခြင်း။

အတင်းပြောတတ်တဲ့ လူဟာ အပေါင်းအသင်းနည်းတာ မဆန်းပါဘူး။ သင့်ကို တစ်စုံတစ်ယောက်အကြောင်းအတင်းလာပြောတဲ့လူဟာ သင့်အကြောင်းကိုလည်း အခြားတစ်ယောက်ဆီမှာ ပြောနေဦးမှာပါ။ 

၄။ ဝေဖန်တတ်လွန်းခြင်း။

လောကမျာ မည်သူ မည်သူမှ ခြောက်ပြစ်ကင်းသဲလဲစင်ဆိုတာ မရှိပါဘူး။ ဝေဖန်လွန်းတဲ့ အချက်ဟာ သင့်ကို အပေါင်းအသင်းနည်းစေပါတယ်။

၅။ အပြစ်မြင်တတ်ခြင်း။

နည်းနည်းလေး မမှားလိုက်နဲ့ မှားလိုက်တာနဲ့ အပြစ်ပြောပြီး မြင်သမျှ ပတ်ဝန်းကျင်မှာ အပြစ်တင်နေရင် တဖြည်းဖြည်း သင့်ဘေးမှာ အပေါင်းအသင်းနည်းလာပါလိမ့်မယ်။

၆။ ဆင်ခြင်ပေးတတ်လွန်းခြင်း။

တစ်ခုခုဖြစ်တိုင်း ကံကိုပဲ ပြစ်တင်ပုံချ၊ ပတ်ဝန်းကျင်လွှဲချ ပြီး အမျိုးမျိုး ဆင်ခြင်ပေးနေတတ်တာဟာ သင်တာဝန်ယူလိုစိတ်မရှိတာကို ပေါ်လွင်စေပြီး အပေါင်းအသင်းနည်းစေပါတယ်။

သတင်းအရင်းမြစ် အေထြေထြဗဟုသုတေလးမ်ား

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။