မြန်မာလူမျျိုးပီပီ ဘယ်လောက်ပဲ တန်ဖိုးကြီးအစားစာတွေပဲစားနေရပါစေ တိုင်းတစ်ပါးရောက်နေသူတွေလည်း မြန်မာဟင်းထမင်းကိုတော့ တမ်းတမ်းစွဲသတိရတတ်ကြပါတယ်။

ဘယ်နေရာမှာနေနေ မိဘချက်ပေးလို့ပဲဖြစ်ဖြစ် ကိုယ့်ချစ်သူအိမ်ထောင်ဖက်ချက်ကျွေးလို့ပဲဖြစ်ဖြစ် သူတို့ချက်ဖူးတဲ့လက်ရာကို တစ်ခါစားဖူးတိုင်း တစ်သက်မမေ့အောင် မှတ်မိနေကြမှာပါ။

ဆွေမျိုးမေ့သွားမယ် ဆိုတဲ့ စကားလိုပေါ့ မြန်မာထမင်းဟင်းတွေ အရသာရှိလိုက်ပုံ မြိန်ပုံကတော့ ဘယ်ဥရောပအစားစာနဲ့ မှ ယှဉ်လို့မရသလောက်ပဲနော်။

တစ်ကိုယ်တည်းသမားတွေရော လက်တည့်စမ်းချက်စားချင်တဲ့သူတွေအတွက်ပါ ဒီနေ့တော့ ဟင်းချက်နညး်များ ဆိုတဲ့ ဖေ့ဘုတ်စာမျက်နှာကနေ ပရိသတ်တွေအတွက် ကင်ပွန်းချည် ရွက်နဲ့ ပုစွန်ချဉ်စပ်ကြော် ကြော်နည်းကို မျှဝေလိုက်ပါတယ်။

ကင်ပွန်းချဉ်ရွက်..........၅စည်း

ပုစွန်အသေး...............၁၀ကျပ်သား

ကြက်သွန်နီ................၁လုံး

ခရမ်းချဉ်သီး...............၂လုံး

ကြက်သွန်ဖြူ...............၅တက်

ငရုတ်ခွဲကြမ်း...............၁ဇွန်း

ကင်ပွန်းချဉ်ရွက်ကိုအကိုင်းလိုက်၊အခက်လိုက်ရေစင်အောင်ဆေးပြီးကိုင်းတွေမပါအောင်ခြွေယူပါ။

ပုစွန်ကိုရေဆေးသန့်စင်ပြီးအခွံခွာပါ။အရသာအနည်းငယ်ထည့်ပြီးနယ်ထားပါ။

ကြက်သွန်နီ၊ခရမ်းချဉ်သီးတို့ကိုပါးပါးလှီးပါ။ကြက်သွန်ဖြူကိုညှက်အောင်ထောင်းပါ။

ရေခဲခန်းထဲမှာသိမ်းထားတဲ့ငရုတ်ခြောက်တောင့်(၁၀)တောင့်လောက်ကိုခွဲကြမ်းပြုလုပ်ပါ။

(ကလေးစားဖို့ချက်တာမို့ငရုတ်သီးကိုမှိုမလိုက်တာရွေးချယ်ရပါတယ်။ငရုတ်သီးခြောက်သန့်သန့်တွေကိုအညှာခြွေ၊တစ်နေပြပြီးဗူး၊လုံတဲ့ပလပ်စတစ်အိတ်တွေမှာထည့်ပြီးအအေးခန်းထဲမှာသိုလှောင်ရင်မှိုကင်းစင်ပြီးအမြဲကြွပ်ရွနေတဲ့ငရုတ်သီးခြောက်တောင့်လေးတွေကိုအသုံးပြုနိူင်ပါတယ်)

ဒယ်အိုးတစ်လုံးမှာဆီအနည်းငယ်ကိုအပူပေးပြီးအရသာနယ်ထားတဲ့ပုစွန်တွေကိုဆီပူထိုးပါ။ရေခမ်းသည်အထိကြော်ပြီးဆယ်ယူထားပါ။

ထိုအိုးထဲမှာပဲကြက်သွန်ဖြူ၊နီတို့ကိုနနွင်းမှုန့်၊အရောင်တင်မှုန့်အနည်းငယ်တို့ဖြင့်ဆီသတ်ပါ။

အနည်းငယ် နွမ်းလာလျှင်ခွဲကြမ်းမှုန့်ထည့်ကြော်ပါ။ငရုတ်သီးစိမ်းနံ့ပျောက်ပြီဆိုမှပါးပါးလှီးထားတဲ့ခရမ်းချဉ်သီးတွေထည့်ပြီးဆီသတ်ပါ။

ခရမ်းချဉ်သီးကြေလာပြီဆိုရင်ခြွေထားတဲ့ကင်ပွန်းချဉ်ရွက်တွေထည့်ကြော်ပါ။ဆား၊ငါးငံပြာရည်၊ဟင်းခတ်မှုန့်တို့ဖြင့်အရသာဖြည့်စွက်ပါ။

ကင်ပွန်းချဉ်ထဲကအရည်တွေမကုန်ခင်မှာဆီပူထိုးထားတဲ့ပုစွန်လေးတွေထည့်ပေါင်းပြီးသမအောင်မွှေပေးပါ။

ရေခမ်းပြီးဆီပြန်တဲ့အထိကြော်ပေးလိုက်တော့..တူမတော်တောင်းဆိုတဲ့ဟင်းတစ်ခွက်အဆင်သင့်ဖြစ်လို့နေပါပြီ။

သတင်းအရင်းမြစ် ဟင်းချက်နည်းများ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။