ဦးမိုးဒီဟာ လူကြီးလူငယ်တိုင်းချစ်တဲ့ ဟာသသရုပ်ဆောင်တစ်ဦးပါ။ရုပ်ရှင်ကားပေါင်း မြောက်များစွာကို ပါ၀င်သရုပ်ဆောင်ခဲ့သူဖြစ်ပြီး သရုပ်ဆောင်လောကရဲ့ ဆရာတစ်ဆူဆိုလဲဖြစ်ပါတယ်။သူလွန်ခဲ့တဲ့လပိုင်းလောက်တုန်းက ကျန်းမာရေးမကောင်းဖြစ်ခဲ့ပါသေးတယ်။၂၀၁၆ ခုနှစ် အောက်တိုဘာမှာလဲ နှလုံးသွေးကြောကျဉ်းရောဂါကြောင့် ဆေးရုံတတ်ခဲ့ရပါသေးတယ်။

အများပြည်သူတွေရဲဆုတောင်းမေတ္တာပို့သမှုကြောင့် ပြန်လည်ကျန်းမာလာပါတယ်။ကျန်းမာရေး မကောင်းတာကြောင့် အနုပညာအလုပ်တွေကိုလည်း မလုပ်တော့ပါဘူး။အခုတော့ ပြည်သူအချစ်တော် ဦးမိုးဒီဟာ ဒုလ္လဘရဟန်း ၀တ်နေပြီး တရားဘောင်မှာ ခိုနားပါအုံးမည်။အသက်အရွယ်ရလာသည်နှင့်ဘာသာရေးကို ပိုပြီးအာရုံစိုက်လာပါတယ်။

ဦးမိုးဒီနှင့်ဦးမော့ တို့ဟာ သရုပ်ဆောင်လောကမှာကားပေါင်းများစွာ တွဲဖက်သရုပ်ဆောင်ခဲ့ကြပါတယ်။ဒါအပြင်ရုပ်ရှင်သာမကဘဲ အငြိမ့်ပွဲတွေကိုလည်းလူရွင်တော်နေရာကနေ နှစ်ပေါင်းများစွာ အငြိမ့်လောကကို ထမ်းပိုးခဲ့သူများပါ။

ယခုဒုလ္လဘ ဆရာတော်ဦဇင်းမိုးဒီဟာ ရွေတိဂုံဘုရားကို လာရောက်ဖူးမျှော်နေပုံများပါ။ 

သတင်းအရင်းမြစ် ဗဟုသုတဟင်းပေါင်းအိုးကြီး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။