လက်တလောလူမှုကွန်ရက်စာမျက်နှာတွေမှာ ရေပန်းစားလူပြောများနေတာကတော့ အလန်းလွန် အလွန်လှတဲ့ လေယာဉ်မယ်လေးက လေယာဉ်နောက်ကျမှုခရီးစဉ်အတွက် တောင်းပန်တဲ့အနေနဲ့ တေးသံချိုချိုလေး ဆိုပြခဲ့တဲ့ သတင်းပါ။ အဆိုပါလေယာဉ်မယ်က Air Asia ကလေယာဉ်မယ်ဖြစ်ပြီး လေယာဉ်စီး ခရီး ပရိသတ်တွေအတွက် အခုလို ဆိုပြလိုက်ခြင်းဖြစ်ပါတယ်။

“သူမကချောသလို စွမ်းရည်လည်းအပြည့်အဝရှိပါတယ်” ဆိုပြီး လူမှုကွန်ရက်မှာ ပျံ့နှံ့နေတာပါ။ ယေဘုယျအားဖြင့် ပြောရမယ်ဆိုရင်တော့ အခုလို လေကြောင်းလိုင်းနှောက်နှေးခြင်းအတွက် တာဝန်ယူမှုအပိုင်းနဲ့ ၀န်ဆောင်မှုအားနည်းခြင်း ကိစ္စရပ်တွေမှုာ အားနည်းချက်ရှိတယ်လို့ ဝေဖန်ခြင်းခံရမှာပါ။

ခရီးသည်တွေရဲ့အချိန်တွေ လေလွှင့်နိုင်သလို အဓိက ကတော့ လေကြောင်းလိုင်း အရည်အသွေးကျဆင်းနိုင်တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။ အခုလည်း Air Asia လေကြောင်းလိုင်းနှောက်နှေးမှုကြောင့် ခရီးသည်တွေက မကျေမနပ်ဖြစ်သလို ဒေါသတွေထွက်နေပါတယ်။အဆိုပါဒေါသတွေက ခပ်ချောချော လေယာဉ်မယ်ရဲ့ တေးသံချင်း ချိုချိုကြောင့် ကျဆင်းသွားပါတယ်။

လေယာဉ်မယ်လေးရဲ့တေးသီချင်းသီဆိုမှု ရုပ်သံဖိုင်က လူမှုကွန်ရက်မှာ ရေပန်းစားသွားပါတယ်။သူမသီဆိုခဲ့တဲ့ တေးသီချင်းကတော့ Jason Mraz’ ရဲ့ “I’m Yours”တေးသီချင်းဖြစ်ပြီး ထိုင်းလေယာဉ်မယ်က သီဆိုသွားတာပါ။နိုင်ငံတကားခရီးသည်တွေ ဖြစ်တာကြောင့် ထိုင်းစကားကိုမပြောဘဲ အစအဆုံး အင်္ဂလိပ်လိုပဲ ပြောဆိုသွားပါတယ်။ထိုင်းကနေ ဟောင်ကောင်သွားလေကြောင်းလိုင်းမှာဖြစ်ခဲ့တာဖြစ်ပြီး ရုပ်သံကြည့်ရှု့သူနှုန်းက ၁၀သိန်းကျော်သွားပါပြီး။ပရိသတ်ကြီးလည်း အောက်မှာ ကြည့်ပေါ့နော်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။