စနေညက လီဗာပူးနှင့်ခရစ်စတယ်ပဲလေ့စ်တို့ ယှဉ်ပြိုင်ကစားခဲ့ပါတယ်။ အဆိုပါပွဲမှာ လီဗာပူးက ခရစ်စတယ်ပဲလေ့ကို မာနေးရဲ့ဂိုးနှင့်အနိုင်ရခဲ့တာပါ။ အဆိုပါပွဲစဉ်မှာ မ​နေးရဲ့အ​ရေးပါမှုအ​ပေါ်သံသယမရှိပါဘူးလို့ လီ​ဗ​ာပူးနည်​းပြက​လောကချီးကျူးသွားခဲ့ပါတယ်။ လီ​ဗာပူးနည်​းပြယာဂန်​က​လော့ဟာစနေနေ့ညကခရစ်​စတယ်​ပဲ​လေ့စ်​နဲ့ပွဲမှာအသင်​းအတွက်​တစ်​လုံးတည်​း​သောအနိုင်​ဂိုးကိုသွင်​းယူ​ပေးခဲ့တဲ့တိုက်​စစ်​မှူးဆာဒီယိုမာ​နေးရဲ့အ​ရေးပါမှုကိုယခုလိုပဲ​ပြောသွားခဲ့ပါတယ်​။

ယာဂန်​က​လော့က "သူ့ရဲ့အ​ရေးပါမှူကိုလုံးဝသံသယမဖြစ်​မိပါဘူး။ ဒါဟာ​ဘောလုံးပါပဲ။ သူဟာအသင်​းမှာရှိတဲ့အခြားကစားသမား​တွေထက်​ပိုမို​အ​ရေးပါတယ်​လို့ဆိုလိုတာမဟုတ်​ဘဲကျွန်​​တော်​တို့အ​နေနဲ့အဆုံးအသတ်​​ကောင်​းသူ ပွဲတစ်​ပွဲအ​ပေါ်အဆုံးအဖြတ်​​ပေးနိုင်​သူလိုအပ်​ပါတယ်​။ မာ​နေးဟာဒီအတွက်​အမြဲအဆင်​သင်​့ဖြစ်​​နေပြီးဂိုး​တေ​ွအများကြီးသွင်​းယူ​ပေးချင်​တဲ့သူပါ။"

ပြီးခဲ့တဲ့ရာသီကကျွန်​​တော်​တို့အဆင်​့​လေး​နေရာရခဲ့တာဟာကြီးမားတဲ့​အောင်​မြင်​မှုလို့​ပြောချင်​ပါတယ်​။ ဘာလို့လဲဆို​တော့ကျွန်​​တော်​တို့ရာသီတစ်​ဝက်​​လောက်​သူမပါပဲကစားခဲ့ရလို့ပါ။ ဒီလိုကစားသမားမျိုးကိုဆုံးရှုံးခဲ့ရတာဟာခက်​ခဲလှပါတယ်​။ ပဲ​လေ့စ်​နဲ့ပွဲဟာသူ့အတွက်​က​တော့ပွဲ​ကောင်​းတစ်​ပွဲဖြစ်​ခဲ့ပါတယ်​။" လို့​ ယာကန်ကလော့က ပြောသွားပါတယ်​။ ယခုနှစ်မှာတော့ လီဗာပူးက ဆာလာကိုခေါ်ထားပြီး မာနေး၊ ဖာမီနို ၊ ဆာလာတို့၏ မြန်နှူန်း ကိုအားပြုကာ ကစားသွားဖို့ရှိနေပါတယ်။

Hein

သတင်းအရင်းမြစ် Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။