တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော်အနုပညာရှင်များဖြစ်ကြတဲ့ မင်းသားချောလေး ဆောင်းဂျွန်ကီ နှင့် အလှနတ်သမီးလေး ဆောင်းဟေဂို တို့ဟာ သူတို့ နှစ်ဦးရဲ့ လက်ထက်ပွဲကို တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ လက်ထက်ပွဲကြီးတွေကျင်းပတဲ့နေရာမှာ လက်ထက်မယ်လို့ သတင်းထွက်ရှိခဲ့သည်။ သြဂုတ်လ (၇) ရက်နေ့မှာတော့ လာမယ့် အောက်တိုဘာ(၃၁)ရက်နေ့မှာ ရှီလာဟိုတယ်တွင် ကျင်းပပြုလုပ်သွားမယ်ဟု သိရှိရသည်။  

ဆောင်းဂျွန်ကီနဲ့ ဆောင်းဟေဂို တို့နှစ်ယောက်ဟာ DOTS ဇာတ်လမ်းမှာတည်းက တွဲခဲ့ဲကြတယ်ဟုလည်း သတင်းများထွက်ရှိခဲ့ပါသေးတယ်။ ဆောင်းဟေဂိုဟာ ဆောင်းဂျွန်ကီရဲ့ Chengdu FM ပွဲကို တတ်ခဲ့ပြီး သူမရဲ့ အနုပညာအနှစ်(၂၀)ပြည့် အထိမ်းအမှတ်ပွဲကို ဆောင်းဂျွန်ကီနဲ့ အတူ ကျင်းပပြုလုပ်ခဲ့ပါတယ်။  

ရှီလာဟိုတယ်ဟာ ဂျန်ဒုံဂန်း နဲ့ ကင်ဆိုယောယင်း၊ ဂွမ်ဆန်ဝူး နဲ့ ဆွန်ထယ်ယောင်း၊ ဂျွန်ဂျီယောင်းနဲ့ ချွဲဂျွန်ယော့၊ ဟွမ်ဂျောင်အွန်းနဲ့ လီယောင်ဒွန်း၊ မွန်ဟီဂျွန်းနဲ့ ဆိုယူတို့ လက်ထက်ခဲ့ကြတဲ့ နေရာဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့ လက်ထက်ပွဲကို ကုမ္ပဏီတော်တော်များများက အခမဲ့ဝန်ဆောင်မှုနဲ့ ကျင်းပပေးဖို့ ကမ်းလှမ်းချက်များကိုလည်း ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။ 

သတင်းအရင်းမြစ် the kpop time

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။