ဗလင်စီယာအသင်းဟာ အင်တာမီလန်အသင်းရဲ့ ကွင်းလယ်ကစားသမား ကွန်ဒေါ့ဘီယာကို တစ်ရာသီအငှါးနဲ့ခေါ်ယူလိုက်နိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။တစ်ရာသီအငှါးခေါ်ယူမှု ပြည့်ပါက အပြီးပိုင်ဝယ်ယူခွင့်ကိုလည်း စာချူပ်ထဲမှာ ထည့်သွင်းချူပ်ဆိုထားတာလည်းဖြစ်ပါတယ်။ဒါ့အပြင် ပြောင်းရွှေ့ကြေးအစိတ်အပိုင်းတစ်ခုအဖြစ် ဗလင်စီယာကွင်းလယ်ကစားသမား ကန်ဆယ်လိုကိုလည်း အင်တာမီလန်အသင်းကို ပြန်လည်အငှါးချထားခဲ့ရတာလည်းဖြစ်ပါတယ်။

အင်တာမီလန်အသင်းရဲ့ကွင်းလယ်ကစားသမား ကွန်ဒေါ့ဘီယာဟာ အသင်းမှာမပျော်မရွင်ဖြစ်နေကာ ဗလင်စီယာအသင်းကို ပြောင်းရွှေ့ဖို့ ကာယံကံရှင်က အလိုရှိနေတာကြောင့် ခုလိုအပြောင်းအရွှေ့ဖြစ်ပေါ်လာခဲ့တာလည်းဖြစ်ပါတယ်။အသက်  ၂၄ နှစ် အရွယ်သာရှိသေးတဲ့ကွန်ဒေါ့ဘီယာဟာ အင်တာမီလန်အသင်းအတွက်ပွဲပေါင်း ၅၀ ကစားပေးခဲ့ပြီး ၂ ဂိုးသွင်းယူနိုင်ခဲ့ကာ ၁ ဂိုးဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ဗလင်စီယာအသင်းမှာ အကောင်းဆုံးခြေစွမ်းတွေနဲ့အသင်းကို ကူညီပေးသွားနိုင်မလားဆိုတာတော့ စောင့်ကြည့်ရတော့မယ်ဗျာ

ဒါ့အပြင် ဗလင်စီယာအသင်းမှာ မနှစ်ကတည်းက အသင်းနဲ့ တစ်သားတည်းခြေစွမ်းပြသနိုင်နေတဲ့ ကွင်းလယ်ကစားသမား ကန်ဆယ်လိုကိုတော့ အင်တာမီလန်အသင်းထံပြန်အငှါးချခဲ့တာတော့ အံအားသင့်စရာတစ်ခုပါပဲဗျာ။ဗလင်စီယာအသင်းဟာ တစ်ပတ်အတွင်း ကစားသမားသုံးယောက်ကို အငှါးခေါ်ယူခဲ့နိုင်တာလည်းဖြစ်ပါတယ်။အင်တာမီလန်ကစားသမားတွေဖြစ်ကြတဲ့ မူရီရယ်လို ၊ ကွန်ဒေါ့ဘီယာ တို့ကိုခေါ်ယူနိုင်ခဲ့တာဖြစ်ပြီး နောက်တစ်ယောက်ကတော့ အာဆင်နယ်နောက်တန်းကစားသမား ဂါဘရီရယ်ကို ခေါ်ယူခဲ့တာပဲဖြစ်ပါတယ်။

Source- Football Transfer News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။